Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲကောက်ညှင်းထုပ် ပြုလုပ်နည်း

Unicode >>>>>

ပဲကောက်ညှင်းထုပ် ပြုလုပ်နည်း


အိမ်မှာလူဆုံတုန်းလေး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ပဲကောက်ညှင်းထုပ်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


Beans & Pulse Warehouses ပဲမျိုးစုံသိုလှောင်ရုံများ (၅၀၅) ခုကိုရှာရန်နှိပ်ပါ။


လိုအပ်တဲ့အမယ်များကတော့ ကောက်ညှင်းဆန်၊ ငှက်ပျောရွက်၊ ပဲ၊ ဆား၊ ဆီ၊ အုန်းသီး၊ သကြားတို့လိုအပ်ပါမယ်။


ပထမဦးဆုံး ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။


ဌက်ပျောရွက်ကို ရေသေချာဆေးထားပါ။ ဌက်ပျောရွက်ထုပ် အဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ် မီးကင်ပေးပါ။


ပြီးမှ ဌက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။ ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ထည့်၊ ပဲထည့်၊ သကြား နဲ့ ဆားအနည်းငယ်ထည့်ပြီး နှံ့သွားအောင် အနည်းငယ်နယ်ပြီး ဌက်ပျောထုပ်ကို နှီးဖြင့်သေချာထုပ်ပါ။


Read More >>>>>   အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့


ပြီးမှ ပေါင်းအိုးအလယ်ကန့်ကိုအသုံးပြုပြီး ရေနွေးငွေ့ဖြင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့် ကြာအောင် ပေါင်းပေးပါ။


ဌက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီးထည့်၍ ပေါင်းပါ။


ငှက်ပျောပေါင်း ရရင်တော့  သကြား၊  အုန်းသီးဖတ်လေးများထည့်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။


#MFID

 

 

Home Page Food

 

COVID 19

 

Zawgyi >>>>>

 


 


 


 


 


 


 


 


 


 


 



#MFID

Read times Last modified on Wednesday, 01 April 2020 12:54
Rate this item
(0 votes)