Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် ကြက်ဥအစာသွပ်ကြော်

Unicode >>>>>

ကလေးများအကြိုက်တွေ့စေမယ့်  ကြက်ဥအစာသွပ်ကြော်


မိသားစုဆုံတုန်းလေး အိမ်တွင်အဆာပြေလုပ်စားနိုင်တဲ့ ကြက်ဥအစာသွပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။


လိုအပ်သည့်အမယ်များကတော့ ကြက်ဥ၊ ဝက်သား/ကြက်သား/ပုစွန်၊ ကြက်သွန်မိတ်၊ အကြော်မှုန့်၊ မုန့်ကြွပ်ကြော်တို့ လိုအပ်ပါမယ်။


Noodles (Instant) အသင့်စားခေါက်ဆွဲလုပ်ငန်းများ (၄၇) ခုကို ရှာရန်နှိပ်ပါ။


ပထမဆုံး ကြက်ဥကို ပြုတ်ထားပါ။ ကျက်ပြီဆိုလျှင် အအေးခံထားပါ။ ပြီးနောက် အခွံနွှာပြီး အလယ်ကနေခြမ်းပါ။ အထဲကအနှစ်ကို ထုတ်လိုက်ပါ။


အသားတစ်မျိုးမျိုးကိုတောက်တောက်စင်းပါ၊ ကြက်သွန်မြိတ်ကိုလည်း တောက်တောက်စင်းပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့် စောစောကထုတ်လိုက်တဲ့ကြက်ဥအနှစ်ကိုထည့်ပြီး သမအောင် ရောနယ်ပါ။


ပြီးနောက် ကြက်ဥပြုတ်ခြမ်းထားတဲ့အထဲကို အသားနယ်ထားတာထည့်လိုက်ပါ။ အကြော်မှုန့်ကို မပျစ်မကျဲ အရည်ဖျော်ပြီး ကြက်ဥအစာသွပ်ကိုထည့်စိမ်ပါ။


Read More  >>>>>>   အွန်လိုင်းစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်တော့မည်


ပြီးလျှင် မုန့်ကြွပ်ကြော်ကို ကပ်ပြီး ဆီပူပူထဲမှာ ရွှေဝါရောင်သန်းလာသည်အထိ မီးလျှော့ပြီး ကြော်ပေးပါ။ နောက်ဆုံးတွင် အရသာရှိတဲ့ ကြက်ဥအစာသွပ်ကို ကြိုက်သလို သုံးဆောင်နိုင်ပါတယ်။


#MFID

 

 

Home Page Food

COVID 19

 

Zawgyi >>>>>

 




 


 


 


 


 


 


 


 

#MFID

Read times Last modified on Friday, 03 April 2020 14:41
Rate this item
(0 votes)