Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်စေမယ့် ဆိတ်ကလီစာ

Unicode ဖြင့်ဖတ်ရန်

ထမင်းစားမြိန်စေမယ့် ဆိတ်ကလီစာ

 

ထမင်းမြိန်စေမယ့်အပြင် မိသားစု ဆုံတုန်းလေး ဆိတ်ကလီစာချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဆိတ်ကလီစာ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ချင်း၊ စပါးလင်၊ ဆီ၊ ဗီနီကာ၊ မဆာလာတို့ လိုအပ်ပါမယ်။

 

Tissue Paper တစ်ရှူးထုတ်သည့်လုပ်ငန်းပေါင်း ၆၀ ခုကိုရှာရန်နှိပ်ပါ။

 

ပထမဆုံး ဆိတ်​ကလီစာတွေကို​ ရေ​နွေးဆူဆူမှာ မိနစ်အနည်းငယ်ခန့် ပြုတ်ထားပါ။ ပြီးနောက် အကျိအချွဲများနှင်​့ အညစ်​အ​ကြေးများကို ဖယ်​ထုတ်​ပြီး​ ရေ​သန့်စင်အောင် ဆေးကြောပါ။

 

ပြီးလျှင်တော့ မိမိနှစ်​သက်​တဲ့အရွယ်​ အတုံး​လေးများတုံးပြီး ဗီနီကာ လောင်​းထည်​့ပြီး ဆားအနည်​းငယ်​ထည်​့ကာ နယ်ပြီး ဆေး​ကြောပါ။

 

ပြီးနောက် ချက်​မည့်အိုးထဲသို့ ဆိတ်​ကလီစာ အတုံး​လေးများ ထည်​့လိုက်ပါ။ ပါးပါးလှီးထားသော ကြက်​သွန်​နီ၊ ခရမ်​းချဉ်​သီး​များ ထည်​့ပါ။ ညက်​​အောင်​​ထောင်​းထားတဲ့ ချင်​း၊ ကြက်​သွန်​ဖြူ အရည်​​တွေညှစ်​ထည့်ပြီး မဆလာထည့်လိုက်ပါ။

 

ဆား၊ ဟင်​းခတ်​မှုန်​့၊ နနွင်​းမှုန်​့၊ ငရုတ်​စိမ်​းမှုန်​့အနည်​းငယ်​ထည်​့ပြီး​နောက်​တစ်​ကြိမ်​ နယ်ပေးပါ။ စပါးလင်​နှစ်​​ချောင်​းကို ဓားပြားရိုက်​ပြီး ထုံးချည်ကာထည့်လိုက်ပါ။ ပြီးလျှင် ဆီအနည်​းငယ်​​လောင်​းထည်​့ပါ။

 

အဖုံးပိတ်​ပြီး ဆီပြန်​​လာ​အောင်​ချက်​ပါ။ ဆီပြန်​လာလျှင်​အိုးမကပ်​​စေရန်​​ ရေအနည်​းငယ်​​ထည်​့ပါ။

 

Read More >>>>>   အဆီရှောင်သူတွေအတွက် ချဉ်ငံစပ် ဘဲဥသံပရာ

 

ဆိတ်​ကလီစာတွေနူးအိပြီဆိုမှ မိမိနှစ်​သက်​တဲ့​ ရေပမာဏကိုထည်​့ပြီး ပွက်ပွက်ဆူလာအောင်တည်ပြီးလျှင်တော့ အရသာရှိတဲ့ ဆိတ်ကလီစာဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory (WWH)

 

 


 


 


 

Tissue Paper တစ်ရှူးထုတ်သည့်လုပ်ငန်းပေါင်း ၆၀ ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 

Read More >>>>>   အဆီရှောင်သူတွေအတွက် ချဉ်ငံစပ် ဘဲဥသံပရာ

 


 


 

 

Read times Last modified on Monday, 17 February 2020 15:13
Rate this item
(1 Vote)