Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ဆိုင်ငယ်များ အထူးချေးငွေ ရယူနိုင်ကြောင်း အသိပေးကြေညာ

အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များအတွက်

အတိုးနှုန်းသက်သာသော ချေးငွေထုတ်ချေးမည့်အစီအစဉ်အရ  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အလိုက် ပုံတွင် ယှဉ်တွဲဖော်ပြထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် တစ်နှစ် ချေးငွေသက်တမ်းအတွက် တစ်နှစ်လျှင် အတိုးနှုန်း (၂)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပါသဖြင့် အဆိုပါ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသည် အောက်ဖော်ပြပါဇယားတွင် ဖော်ပြထားသည့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ဆက်သွယ်စုံစမ်း၍ ချေးငွေလျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

ချေးငွေများ စီစဉ်ထုတ်ချေးနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ စုစုပေါင်း ၄၄ ဖွဲ့ကို ကျပ် ၅၉,၄၉၈ ကို စိစစ်ခွင့်ပြုပြီး ဖြစ်ပါသည်။ 

 

Read times
Rate this item
(1 Vote)