Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အပ်မှိုချဉ်စပ်ပေါင်း

အသားဟင်းတွေချည်းစားရတာ ငြီးငွေ့သွားသူများအတွက် နေ့စဉ်နေ့တိုင်း ဘာဟင်းချက်စားရမလဲဆိုပြီး အိမ်ရှင်မတို့

ခေါင်းစားနေသူတွေအတွက် အသားငါးတွေ ထည့်မချက်ဘဲ တစ်မျိုးတည်းနဲ့ထမင်းမြိန်သလို ဈေးသက်သာစွာနဲ့ ဟင်းကောင်းကောင်းလေး သုံးဆောင်နိုင်စေဖို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ အပ်မှို၊ ငရုတ်သီးစိမ်း၊ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်၊ သကြား၊ ဗီနီကာ၊ သံပရာသီး၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သကြားတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး အပ်မှိုကိုရေဆေးပြီး အမြစ်လေးတွေ လှီးဖြတ်ကာ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သံပရာသီးအနည်းငယ်နဲ့ အရသာနယ်ပြီး နှပ်ထားပေးပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ချင်းတွေကိုခပ်ပါးပါးလေးတွေလှီးပြီး ဗီနီကာ၊ သကြား၊ ပဲငံပြာရည် တို့နဲ့ရောနှောပြီး ခပ်ပျစ်ပျစ်လေး စပ်ပေးထားပါ။

 

ပြီးနောက် အပ်မှိုလေးတွေကို အစည်းလေးတွေဖြစ်အောင် ကြက်သွန်မြိတ်လေးနဲ့စည်းပြီး ပေါင်းအိုးထဲမှာ ထည့်ပေါင်းပါ။ ပေါင်းအိုးအဆင်မပြေရင် ဇကာတစ်ခုထဲထည့်ပြီး အောက်ကရေခံကာ ရေငွေ့နဲ့ ပေါင်းပေးပါ။

 

ပြီးရင်တော့ ပေါင်းပြီးနူးအိသွားတဲ့ အပ်မှိုပေါင်းလေးတွေကို ပန်းကန်တစ်ခုထဲထည့်ပြီး အပေါ်ကနေ ခုနကစပ်ထားတဲ့ ချဉ်ငံစပ်အရည်လေးကို လောင်းချလိုက်ပါ။

 

နောက်ဆုံးမှာတော့ အရသာအရမ်းရှိတဲ့ အပ်မှိုချဉ်စပ်ပေါင်းလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read 5230 times
Rate this item
(2 votes)