Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နှစ် ၂ % အတိုးချေးငွေ လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ သတ်မှတ်ချက်

လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များ တစ်နှစ်  ၂ % အတိုးချေးငွေ စံနှုန်းသတ်မှတ်ချက်များကို ဖော်ပြပေးထားပါသည်။

 

အခြေတကျ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်ငယ်များအတွက် အတိုးနှုန်းသက်သာသော ချေးငွေထုတ်ချေးမည့်အစီအစဉ်အရ  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တစ်နှစ် ချေးငွေသက်တမ်းအတွက် တစ်နှစ်လျှင် အတိုးနှုန်း (၂)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ရာ ချေးငွေရယူမည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ ထုတ်ချေးမည့် ချေးငွေဆိုင်ရာ အချက်အလက်များနှင့် ပြည့်စုံရမည့်စံနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

၁။ ချေးငွေကာလနှင့်အတိုးနှုန်း

(က) ချေးငွေကာလ (၁) နှစ်၊ 

(ခ) တစ်နှစ်လျှင်အတိုးနှုန်း ၂၀% (ဝန်ဆောင်ခအပါအဝင်)၊

 (ဂ) ဆိုင်းငံ့ကာလ (၃) လ၊ ကျန် (၉) လတွင် (၃) လတစ်ကြိမ် အရင်း၊ အတိုး ပေးဆပ်ရန်။

ချေးငွေရယူမည့် လက်ဖက်ရည်ဆိုင်စားသောက်ဆိုင်ငယ်များ ပြည့်စုံရမည့်စံနှုန်းများ 

(က) COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းယာယီပိတ်သိမ်း ခဲ့ရသဖြင့် ထိခိုက်မှုရှိသော

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ငယ်များ ဖြစ်ရမည်။

 (ခ) ဆိုင်ကို ကိုယ်ပိုင်မြေ/ အဆောက်အဦပေါ်တွင်ဖြစ်စေ၊ တရားဝင် ငှားရမ်း၍ ဖြစ်စေ၊

အခြေတကျ ဖွင့်လှစ်ထားသည့် အထောက်အထား တင်ပြရမည်။ 

(ဂ) ဆိုင်ဖွင့်လှစ်မှုသက်တမ်း (၁) နှစ်နှင့်အထက်ရှိရမည်။ 

(ဃ) သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ၊ စည်ပင်သာယာရေး အဖွဲ့များ၏

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးဖြစ်ရမည်။ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် မရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ဆိုင်ဖွင့်လှစ်ထားကြောင်း ထောက်ခံချက် တင်ပြရမည်။ 

(င) ချေးငွေရယူရာတွင် လိုအပ်သည့် ပိုင်ဆိုင်မှုအထောက်အထား စာရွက် စာတမ်း

သို့မဟုတ် အနည်းဆုံး လူပုဂ္ဂိုလ်အာမခံ (၂) ဦး တင်ပြရမည်။ 

(စ) ချေးငွေကို ဆိုင်ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စအတွက်သာ အသုံးပြုရမည်။

(ဆ)ရယူထားသည့်ချေးငွေကို တစ်နှစ်အတွင်း ပြန်လည်ပေးဆပ်နိုင်ရမည်။ 

(ဇ)အလုပ်သမားဦးရေ (၅) ဦးနှင့်အထက်ရှိသော ဆိုင်ကို ဦးစားပေးမည်။ သို့ရာတွင်အလုပ်သမားဦးရေ (၅) ဦးအောက်ရှိသော ဆိုင်များလည်း ချေးငွေရယူနိုင်သည်။ 

(ဈ) ရင်းနှီးမတည်ငွေ ကျပ်သိန်း (၁၅၀) အောက်တွင် လုပ်ငန်းလည်ပတ်နေသော ဆိုင်များသာ ချေးငွေလျှောက်ထားရန် အကျုံးဝင်သည်။

၃။ ဆိုင်အရွယ်အစားသတ်မှတ်ချက်နှင့်ချေးငွေပမာဏသတ်မှတ်ချက် 

(က) မတည်ငွေကျပ်သိန်း (၅၀) အထိ 

ဆိုင်ငယ်

အများဆုံးထုတ်ချေးမည့်ချေးငွေ 

ကျပ် (၃၅) သိန်း 

(ခ) မတည်ငွေ ကျပ်သိန်း(၅၀) မှ ကျပ်သိန်း (၁၀၀) အထိ

ဆိုင်လတ် 

အများဆုံးထုတ်ချေးမည့် ချေးငွေ 

ကျပ်(၇၀) သိန်း 

(ဂ) မတည်ငွေ ကျပ်သိန်း(၁ဝဝ) မှ ကျပ်သိန်း (၁၅၀) အထိ

ဆိုင်ကြီး

အများဆုံးထုတ်ချေးမည့် 

ချေးငွေ ကျပ်(၁၀၀)သိန်း

Read times
Rate this item
(0 votes)