Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဘုတလင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပြီးစီး

ဘုတလင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပြီးစီး Moi.Gov

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေ များကို တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးစန်းညွန့်ထံမှ သိရပါတယ်။

 

ဘုတလင်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၅၂ အုပ်စုမှ တောင်သူ ၁၃၅၀၀ ဦးအတွက် ထုတ်ချေးပေးရမည့် ကျပ်သိန်းပေါင်း ၈၄၀၀၀ အနက်မှ ကျေးရွာအုပ်စု ၄၇ အုပ်စုမှ တောင်သူ ၁၀၅၀၇ ဦးအတွက် ကျပ်သိန်းပေါင်း ၆၃၆၆၉ သိန်း ထုတ်ချေးပြီးဖြစ်ရာ ၈၆ ရာခိုင်နှုန်း ထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဦးစန်းညွန့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

 

မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို စပါး ၁၃၅၂၀ ဧက၊ မြေပဲ ၁၀၁၆၃ ဧက၊ နှမ်း ၁၉၆၈၁ ဧက၊ ပဲစဉ်းငုံ ၉၅၄၇ ဧက၊ ပဲတီစိမ်း ၃၉၉၈ ဧက၊ စုစုပေါင်း ၅၆၉၀၉ ဧကအတွက် ထုတ်ချေးပြီး ဖြစ်ပြီး စပါးလယ်တစ်ဧလျှင် တစ်သိန်းခွဲနှုန်းဖြင့် ၁၀ ဧကအထိ ကျပ် ၁၅ သိန်းနှင့် ယာတစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ၁၀ ဧကအထိ ကျပ် ၁၀ သိန်း ထုတ်ချေးပေး လျက်ရှိကြောင်း သိရပါသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)