Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရေးမြို့နယ်ထွက် ကွမ်းသီးဈေး စံချိန်တင်ရရှိ

မွန်ပြည်နယ် ရေးမြို့ရဲ့ ဒေသထွက် ကွမ်းသီးဈေးတွေ ပြီးခဲ့တဲ့ ရာသီတွေထက် စံချိန်တင်ဈေးတွေ ရရှိကြတယ်လို့ ခြံသမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ရာသီက ကွမ်းသီးပေါက်ဈေး ကျပ် ၄၀၀၀ ဝန်းကျင်သာ ရရှိပြီး အခုလက်ရှိမှာ မြန်မာငွေကြေးဖောင်းပွတာနဲ့ ဒေါ်လာဈေးနဲ့အညီ ကွမ်းသီးဈေးတွေပါ လိုက်တက်နေတာကြောင့် ၁ ပိဿာကို ကျပ် ၁၀၀၀၀ အထိ မြင့်တက်သွားတယ်လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

“ကွမ်းသီးအခြောက်ပေါက်ဈေး ၁ ပိဿာ ၁၀၀၀၀ ကျပ်ဆိုတော့ ကွမ်းသီးခြံကနေ ရရှိလာတဲ့ အချိန်ကာလတလျှောက်လုံးမှာ ဈေးက အမြင့်ဆုံးဈေးနဲ့ ရရှိတယ်ဆိုပေမဲ့ ကွမ်းသီး ထင်သလို မရရှိတော့ ဝင်ငွေတွေပါ ထိခိုက်နစ်နာကြတယ်။”

 ခြံသမားတဦးက “အခုကွမ်းသီးတွေကို ခူးဖို့ဆိုတာ နယ်မြေက အရင်လို မအေးချမ်းတော့ ခြံကို ညဘက်မှာ မအိပ်ရဲကြ၊ ခြံကိုလည်း မသွားရဲ မနေရဲကြတောာ့ ကွမ်းသီးတွေ အလေလွင့်ဖြစ်ပြီး ဆုံးရှုံးကုန်သလို ကွမ်းသီး သူခိုးတွေကိုလည်း ကြောက်ရသေးတယ်” လို့ ပြောပါတယ်။

ရေးမြို့နယ်ထွက် ကွမ်းသီးတွေကို ပြည်တွင်းသာမက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို အဓိကတင်ပို့ကာ စိုက်ပျိုးဧက သိန်းနဲ့ချီရှိကြပြီး ထွက်ရှိမှုတန်ချိန်မှာလည်း သောင်းနဲ့ချီရှိတယ်လို့ သိရပါတယ်။

DVB

Read times
Rate this item
(0 votes)