Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း ဆောင်ရွက်မည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း ဆောင်ရွက်မည့် တောင်သူများအား ထောက်ပံ့ငွေများပေးအပ် Moi.Gov

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းဆောင်ရွက်မည့် တောင်သူများ အား ပထမအကြိမ်မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို ၂၀၂၀ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီလာမော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်လင်းမှ သွင်းအားစု များကို တောင်သူများလိုအပ်သည့်အချိန်တွင် အလွယ်တကူ အသုံးပြုနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် တောင်သူများအပေါ် စီးပွားရေးထိခိုက်မှုမရှိအောင် ကူညီပံ့ပိုးရခြင်းဖြစ်ကြောင်း၊ မိုးစပါး မျိုးစေ့စိုက်ပျိုး ထုတ်လုပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် ဈေးကွက်ဝင်အရည်အသွေးကောင်း စပါးမျိုး များကိုသာ အသုံးပြုခြင်းဖြင့် တစ်ဧကအထွက်နှုန်းတိုးတက် လာစေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက စလင်းမြို့နယ် စလောင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်မည့်တောင်သူ ၅၆ ဦး၏ လယ်မြေ ၁၈၅ ဧကအတွက် ပထမအကြိမ် မျိုးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၅၇၉၉၅ဝဝိ/- အားတောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပါသည်။

 

စလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးစပါးမျိုးစေ့ထုတ်ခြင်းလုပ်ငန်းကို ကျေးရွာအုပ်စု ၃၁ အုပ်စု အတွင်းရှိ တောင်သူ ၃၅၁ ဦး၏ လယ်မြေ ၁၀၄၀ ဧကတွင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၅၆၄၉၅ဝဝဝိ/- အား တောင်သူများထံ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်လင်း ထံမှသိရသည်။

 

By Myanmar Food Guide

 

Moi.Gov

Read times
Rate this item
(0 votes)