Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၀-၂၀၂၁ ငါးဖမ်းရာသီအတွက် ငါးဖမ်းလိုင်စင်သက်တမ်းတိုးခွင့်နှင့် ငါးဖမ်းကွက်ထွက်ခွာခွင့် လုပ်ငန်းများ အချိန်ပိုဆောင်ရွက်ပေး

၂၀၂၀-၂၀၂၁ ငါးဖမ်းရာသီအတွက် ငါးဖမ်းလိုင်စင်သက်တမ်းတိုးခွင့်နှင့် ငါးဖမ်းကွက်ထွက်ခွာခွင့် လုပ်ငန်းများ အချိန်ပိုဆောင်ရွက်ပေး MDN

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း

လုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေး၊ ဒေသခံ ကမ်းဝေးနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအား ထုတ်ပြန်ထားသော မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေနှင့်အညီ စနစ်တကျ ကြီးကြပ်စစ်ဆေး ဆောင်ရွက်သွားနိုင်ရန်အတွက် ကမ်းဝေးငါးဖမ်း ရေယာဉ်များအား လိုင်စင်ထုတ်ပေးခြင်းကိစ္စများအား (၁၈-၈-၁၉၉၈)ရက်စွဲပါ ညွှန်ကြားချက် အမှတ်၊ ၁/၉၈ နှင့်အညီ ရေလုပ်ငန်းရှင်များ လုပ်ငန်းလျင်မြန်လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)နှင့် ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများအား တာဝန်ပေးအပ် ဆောင်ရွက်စေလျက်ရှိသည်။

 

ကမ်းဝေးငါးဖမ်းရေယာဉ်များ သက်တမ်းတိုးလိုင်စင်လျှောက်ထားခြင်း၊ လုပ်ငန်းရပ်နားထားသည့် ရေယာဉ်များ၊ အခြားအကြောင်းထူးရှိသည့် ငါးဖမ်းရေယာဉ်များ လိုင်စင်လျှောက်ထားလာခြင်း၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ ပြင်ဆင်လိုခြင်း၊ စက်ပြောင်းလဲတပ်ဆင်လိုခြင်း၊ ရေယာဉ်အမည်နှင့် ပိုင်ရှင်အမည်ပြောင်းလဲလိုခြင်းများအတွက် စနစ်တကျစိစစ်ပြီး ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြလာသည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ငါးဖမ်းရာသီမှာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်တွင် စတင်မည်ဖြစ်ပါသဖြင့် ငါးဖမ်းရေယာဉ်များ လုပ်ငန်းခွင် အချိန်မီဝင်ရောက်နိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ငါးဖမ်းရာသီ ငါးဖမ်းလိုင်စင်သက်တမ်းတိုးမြှင့်ခြင်းကို သတ်မှတ်အချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုပေးသွားရန် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးများမှ အချိန်ပိုဆင်းပြီး အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိသည်။


တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ငါးဖမ်းလိုင်စင်များသက်တမ်း တိုးပြီးဖြစ်သော်လည်း COVID-19 ကပ်ရောဂါကြောင့် လေကြောင်း၊ ကားလမ်းများ ကန့်သတ်ထားခြင်းအပေါ် (၁-၉-၂၀၂၀) ရက်နေ့တွင် ငါးဖမ်းကွက်ထွက်ခွာရန် ငါးဖမ်းလိုင်စင်များ ရေယာဉ်များရှိရာသို့ မရောက်ရှိသေးခြင်းကြောင့် သက်တမ်းတိုးမြှင့်ပြီး သောလိုင်စင်မိတ္တူများဖြင့် ငါးဖမ်းထွက်ခွင့်တောင်းခံခြင်းအား ငါးဖမ်းကွက် ထွက်ခွာလိုသည့် ငါးဖမ်းရေယာဉ်စာရင်းအား ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြစေပြီး လိုင်စင်သက်တမ်းတိုးပြီးစီးမှုကို စိစစ်ကာ ငါးဖမ်းကွက်ထွက်ခွာစေပြီး ငါးဖမ်းလိုင်စင်မူရင်းများအား ရေကြောင်းလမ်းမှ ရေယာဉ်ကြုံဖြင့် ပင်လယ်ပြင်သို့ပေးပို့စေခြင်းဖြင့် ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

By Myanmar Food Guide

 

MDN

Read times Last modified on Wednesday, 02 September 2020 11:51
Rate this item
(0 votes)