Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝိတ်ကျချင်သူများအတွက် သခွား၊ သံပရာရည်နှင့် ပူစီနံ ဖျော်ရည်

ဟိုတယ်ရှိ ပွဲများတွင် တိုက်လေ့ရှိတဲ့ ၀ိတ်ကျပြီး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်ကို အိမ်တွင်လည်း

ကိုယ်တိုင်လုပ်ပြီး  သောက်သုံးလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ သခွားသီး၊ သံပရာသီး၊ ပူစီနံအရွက်၊ သကြား၊ ရေခဲတုံးတို့ လိုအပ်ပါမယ်။

 

ပထမဆုံး သခွားသီးကို အခွံခွာပါ။ ခပ်ပါးပါးစိတ်ထားပါ။ ပြီးလျှင် သံပရာညှစ်ထည့်ပါ။

 

ပြီးနောက် သစ်သီးဖျော်စက်ထဲသို့ သခွားသီးနှင့် သံပရာသီးကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ ပူစီနံအရွက်နှင့် ရေခဲတုံးကို ထည့်လိုက်ပါ။

 

နောက်ဆုံးတွင် ဖန်ခွက်ထဲသို့လောင်းထည့်လိုက်ပါ။ ပြီးလျှင် ခပ်ပါးပါးလှီးထားသော သခွားသီးဖြင့် အလှဆင်လိုက်ပါ။

 

သောက်လိုက်ရင်တော့ ပူစီနံ အနံ့ခပ်သင်းသင်းလေးဖြင့် ချဉ်ပြုံးပြုံးလေးနဲ့ အေးပြီး မွှေးတဲ့ အရသာကို ခံစားနိုင်မှာဖြစ် ပါတယ်။

 

ဖျော်ရည်ဖြစ်သော်လည်း ပူစီနံမနှစ်သက်လျှင်မထည့်လည်းရပါတယ်။ အချိုအရသာနှစ်သက်လျှင် သကြားရည်ထည့်ပြီး သောက်သုံး နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 12:33
Rate this item
(5 votes)