Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းမကောင်းသောကြောင့် တွက်‌ခြေမကိုက်ဖြစ်

ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းမကောင်းသောကြောင့် တွက်‌ခြေမကိုက်ဖြစ် mdn.gov

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက်တောင်သူများ

အထွက်နှုန်းကောင်းပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည် ဟု ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင် ပြေားကြားချက်အရ သိရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း စိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးများကို အနီးအနားမြို့များကိုသာရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့်ပြောင်းဖူးပမာဏများပြားနေပြီး ဈေးနှုန်းမရရှိသည့် ပြဿနာများရင်ဆိုင်နေရသည်။

 

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံစိုက်ပျိုးလုပ်ကိုင်ကြသည့်အခါတွင်လည်း မြေအောက်ရေကို တွင်းတူးပြီး ရေထုတ်ယူကာရေသွင်း စိုက်ပျိုးကြသည်။

 

ကိုယ်ပိုင် ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန်လုပ်ကိုင်နိုင်ပြီး ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများ မြေအောက်ရေဖြင့်စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းသော်လည်း ဈေးနှုန်းမရရှိခြင်းကြောင့် တွက်ခြေမကိုက်ဘူးလို့ ပြောင်းဖူးစိုက်တောင်သူများက ပြောကြသည်။

 

ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာလမှာ ပြောင်းဖူးစိုက်ပျိုးတောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၈၀ ကျပ်သာ ရောင်းချရခြင်းကြောင့် တွက်ခြေမကိုက်ဖြစ်နေကြသည်။

 

By Wyk (Myanmar Food Guide)

mdn.gov

Read times
Rate this item
(0 votes)