Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးမြို့တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် နိုင်ငံတော် အရန်ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ

မန္တလေးမြို့တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် နိုင်ငံတော် အရန်ဆန်တစ်ပြည် ၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချ mdn.gov

မန္တလေးမြို့တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် နိုင်ငံတော် အရန်ဆန်တစ်ပြည်

၁၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေသည်ဟု မန္တလေး ဆန်၊ စပါးကုန်စည်ဒိုင်မှ သိရသည်။

 

ထိုအစီအစဉ်ကို မန္တလေးတိုင်း စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးဆန်၊ စပါးကုန်စည်ဒိုင်၊ မန္တလေးတိုင်း ဆန်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

“မန္တလေးမြို့နေရာအနှံ့မှာ ရောင်းချပေးနေပါတယ်။ စားသုံးသူတွေ အဆင်ပြေစေရေးအတွက် အမြတ်အစွန်းမယူဘဲ ပရဟိတစိတ်နဲ့ ရောင်းချပေးနေတာပါ” ဟု မန္တလေးဆန်၊ စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်နိုင်က ပြေကြားခဲ့သည်။

 

မန္တလေးမြို့ရှိ မြို့နယ်တိုင်းတွင် ဆန်လက်လီအရောင်းဆိုင် ၃၇ ဆိုင်တွင်လည်း ဝယ်ယူနိုင်ပြီး၊ ကားများဖြင့် လှည့်လည်ရောင်းချပေးနေပါသည်။

 

နွေတွင်ပေါ်သည့် ရက် ၄၀ ဆန်အမျိုးအစားကို ရောင်းချပေးနေခြင်းဖြစ်ပြီး အဆိုပါဆန်သည် ပုံမှန်ပေါက်ဈေးမှာ တစ်ပြည်ကို ၁၂၀၀ ကျပ် ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)