Myanmar
ရှမ်းအစားအစာ ရှမ်းချဉ်ထမင်းကြော်
ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ ရှမ်းချဉ်ထမင်းကြော်ကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း
လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ရှမ်းဒေသအစာတစ်မျိုးဖြစ်တဲ့ ရှမ်းချဉ်ထမင်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ရှမ်းချဉ်၊ ထမင်း၊ ပုစွန်၊ ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ၀က်အူချောင်း၊ ပဲပြား၊ မုန်လာဥနီ၊ ဘိုစားပဲ၊ မုန်ညှင်းထုပ်၊ ကြက်သားမှုန့်၊ ပန်းဂေါ်ဖီ၊ ပဲငံပြာရည်အကြည်/အနောက်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအပုခြောက်၊ ငရုတ်ကောင်း၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပုစွန်ကို အခွံနွှင်ပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ၀က်အူချောင်း၊ အသီးအရွက်၊ ရှမ်းချဉ်တို့ကို လှီးဖြတ်ထားပါ။
ကျက်ပြီးသားထမင်းကို ကြက်သားမှုန့်နှင့် အနည်းငယ် နယ်ထားလိုက်ပါ။
ဝက်အူချောင်း နှင့် ကြက်ဥကို ကြော်ပြီး ဆီစစ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲသို့ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ပြီးလျှင် ပုစွန်ကို ထည့်လိုက်ပါ။
Read More >>>> Shwe Yoe Tea House
ပြီးနောက် ငရုတ်သီးအပုခြောက်ကို ထောင်းလိုက်ပါ။ ပြီးလျှင် ကြက်အူချောင်း၊ ဂဏန်းချောင်း၊ ပဲပြားကို ထည့်လိုက်ပါ။ ခဏမွှေပြီးလျှင် ရှမ်းချဉ်ကို ထည့်လိုက်ပါ။
မိနစ်အနည်းငယ်ကြာလျှင် အသီးအရွက်များထည့်လိုက်ပါ။ ပြီးနောက် သကြား၊ ပဲငံပြာရည်အကြည်/အနောက်နှင့် ကြက်သားမှုန့်ကိုထည့်ပြီး မွှေလိုက်ပါ။
အသီးအရွက်များ နူးပြီဆိုလျှင် နယ်ထားသော ထမင်းကို ထည့်ပြီး ရောမွှေပေးပါ။
အရသာကို အပေါ့အငန်မြည်းကြည့်ပါ။ အရသာအနေတော်ဖြစ်ပြီဆိုလျှင် ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ နှမ်းဆီမွှေးကို နှစ်စက်ခန့်ထည့်ပြီးရင်တော့ အရသာရှိတဲ့ ရှမ်းချဉ်ထမင်းကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
WWH