Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးစပါးများ အခြေခံဈေးနှုန်းအောက်ကျပါက တိုင်းနှင့်ပြည်နယ်ငါးခုတွင် အစိုးရက ဝယ်ယူပေးမည်

မိုးစပါးများ အခြေခံဈေးနှုန်းအောက်ကျပါက တိုင်းနှင့်ပြည်နယ်ငါးခုတွင် အစိုးရက ဝယ်ယူပေးမည် Google

မိုးစပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများအခြေခံသတ်မှတ်ဈေးနှုန်းအောက် လျော့ကျပါက

တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် စပါးဝယ်ယူပေး ရန် ပြင်ဆင်ထားသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။


စပါးဝယ်ယူရန် ကျပ် ၂၀ ဘီလျံ တင်ပြတောင်းခံထားပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် ဝယ်ယူပေးရန် လျာထားသည်။ ယခုအချိန်တွင် မိုးစပါးများ စတင်ပေါ်နေပြီဖြစ်ပြီး ဈေးနှုန်းမှာ အခြေခံရည်ညွှန်းဈေးဖြစ်သည့် ၅၂၀,၀၀၀ ကျပ်အထက်ရှိနေသေးပြီး နောက်ပိုင်းတွင်အခြေခံဈေးနှုန်းအောက် လျော့ကျလာပါက ဝယ်ယူပေးသွားမည်ဖြစ်သည်။


"တစ်နိုင်ငံလုံးဆိုတာထက် ပြည်နယ်၊ တိုင်းတွေနဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ တိုင်းနဲ့ပြည်နယ်ငါးခုမှာပဲ အဓိကထား ဝယ်ပေးသွားမှာပါ"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားခဲ့သည်။ 

 

အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၅၂၀၀၀၀ အဖြစ် သတ်မှတ်ကြောင်း တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင် အဖွဲ့က ဇူလိုင်၂၃ ရက်တွင် ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။


"မိုးစပါးက ရန်ကုန်၊ဧရာဝတီ၊ပဲခူး၊မွန်၊ကရင် တို့မှာ စရိတ်နေပါပြီ။ အောက်တိုဘာလအတွင်းမှာ မိုးစပါးဧက တစ်သိန်းခွဲလောက် ရိတ်မှာပေါ့။ ကောက်စောစပါး စပေါ်ပြီဆိုတော့ တောက်လျောက်ရိတ်တော့မှာပါ"ဟု စိုက်ပျိုးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။


မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က" စိုးရိမ်တာနှစ်ခုရှိပါတယ်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ကိုဗစ်ကြောင့် ကြန့်ကြာတာတို့၊ ပိတ်ဆို့တာတို့ဖြစ်မှာ စိုးတယ်။ နောက်တစ်ချက်က ကမ္ဘာ့ဈေးကွက်က ငွေလဲလှယ်နှုန်းနဲ့ ဆက်စပ်နေတယ်။ အခုချိန်မှာ ကျပ်နဲ့ဒေါ်လာ ငွေလဲလှယ်နှုန်းက ပို့ကုန်လုပ်ငန်းသမားတွေအတွက် သိပ်ပြီးအဆင်မပြေဘူးပေါ့နော်။ ဒီအချိန်ငွေလဲလှယ်နှုန်းနဲ့ဆို ဈေးနှုန်းတွေကျနိုင်တယ်ပေါ့။ ဒါကိုတော့ ကျနော်တို့က စိုးရိမ်ပါတယ်"ဟု ပြောခဲ့သည်။

 

By Myanmar Food Guide

 

The Farmer Media

Read times
Rate this item
(0 votes)