Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းများအတွက် Myanmar Agricultural Import Registration System(MAIRS) ကို အွန်လိုင်းစနစ်ဖြင့် စတင်ကျင့်သုံး

မြန်မာနိုင်ငံ၌မြေဩဇာ၊မျိုးစေ့၊ပိုးသတ်ဆေးစသည့်စိုက်ပျိုးရေးသွင်းအားစုများကိုမှတ်ပုံတင်ခြင်း၊လိုင်စင်ထုတ်ပေးခြင်း၊တင်သွင်းခွင့်ထောက်ခံချက်ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်မည့် Myanmar Agricultural Import Registration System (MAIRS) ကို ဇန်နဝါရီ ၂၇ ရက်မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။

“Myanmar Agricultural Import Registration System (MAIRS) စနစ်က အွန်လိုင်းမှတ်ပုံတင်စနစ်နဲ့ဆောင်ရွက်ရမှာပါ။COVID-19ကာလအတွင်းယခင်မူလလုပ်ငန်းများဆောင်ရွက်ရာတွင်သက်ဆိုင်ရာဌာနခွဲ၊ရုံးများနှင့်ချိတ်ဆက်ဆောင်ရွက်ရာမှာတွေ့ကြုံရတဲ့အခက်အခဲများလျော့ပါးသက်သာစေဖို့အတွက်လိုက်နာဆောင်ရွက်နိုင်မှုလိုအပ်ချက်မြင့်မားမှုအပေါ်အခုonline registration systemကအချိန်မီဖြေရှင်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်လို့ သွင်းအားစုကုမ္ပဏီတွေအတွက် စရိတ်တွေပိုပြီးလျော့သွားနိုင်တယ်။ ကုမ္ပဏီတွေ အတွက်လည်း လုပ်ငန်းဆောင်ရွက်တဲ့ အခါမှာ ပိုပြီး လွယ်ကူချောမွေ့သွားမှာဖြစ်ပါတယ်’’ ဟု ဒေါက်တာရဲတင့်ထွန်းကပြောသည်။

Myanmar Agricultural Import Registration System (MAIRS) စနစ်တွင် တောင်သူများသုံးစွဲရန် ဆက်စပ် Application များဆောင်ရွက်ထားကြောင်း၊ ယင်းစနစ်အရ စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေး၊ မြေသြဇာ၊ မျိုးစေ့ စသည်ဖြင့် တင်သွင်းသည့်တံဆိပ်များ မှတ်ပုံတင်ရှိမရှိ ကို ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်းဆိုသည်။
မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းဆောင်ရွက်ကြမည့်ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေဖြင့် MIRS အားစတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးထွက်ကုန်အရည်အသွေးပြည့်ဝမှန်ကန်ရေးကိုထိန်းကျောင်းပေးမယ့်မြေဩဇာဥပဒေ၊မျိုးစေ့ဥပဒေ၊ပိုးသတ်ဆေးဥပဒေတို့ကိုလဲ ပြဌာန်းထားရှိပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Read times
Rate this item
(2 votes)