Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လူကြိုက်များပြီး စားလို့အရမ်းကောင်းတဲ့ လက်ဖက်ကြက်ဥ ပြုလုပ်နည်း

စားလို့အရမ်းကောင်းတဲ့ လက်ဖက်ကြက်ဥကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းကတော့ ကြက်ဥ၊ လက်ဖက်ခြောက်၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ ချင်း၊ သစ်ကြပိုးခေါက်၊ ငရုတ်သီးအနီခြောက်၊ ငရုတ်ကောင်း၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး အိုးထဲသို့ရေထည့်၊ ကြက်ဥထည့်ပြီး ပြုတ်ပေးထားပါ။

 

ပြီးလျှင် ကြက်ဥကိုဆယ်ပြီး အအေးခံထားပါ။

 

ပြီးနောက်ကြက်ဥအခွံကို အက်အောင် ဇွန်းလေးနဲ့အသာလေးရိုက်ပေးထားပါ။

 

ပြီးလျှင် ပြုတ်မည့်အိုးထဲမှာ ရေအပြင် လက်ဖက်ခြောက်၊ နာနတ်ပွင့်၊ ကရဝေးရွက်၊ ချင်း၊ သစ်ကြပိုးခေါက်၊ ငရုတ်သီးအနီခြောက်၊ ငရုတ်ကောင်း၊ သကြား၊ ပဲငံပြာရည်အပျစ်၊ ပဲငံပြာရည်အကျဲ တို့ကို ရောပြီး ပြုတ်လိုက်ပါ။

 

ပြီးနောက် ရေပွက်ပွက်ဆူလာလျှင်တော့ မီးအေးအေးလေးနဲ့ နာရီဝက်ခန့် ထပ်ထားလိုက်ပါ။


အချိန်စေ့ရင်တော့ ဆယ်ပြီး အအေးခံပါ။ ပြီးရင်တော့ စားလို့အရမ်းကောင်းတဲ့ လက်ဖက်ကြက်ဥပြုတ်လေးကို သုံးဆောင်နိုင်ပါတယ်။

 

အရသာပိုရှိစေချင်ရင်တော့ ရေခဲသေတ္တာထဲသို့ တစ်ညပြုတ်ရည်နဲ့စိမ်ထားပါ။ အရသာက အထဲကိုပိုဝင်လေ အရသာပိုရှိလေဖြစ်ပါတယ်။

Read times
Rate this item
(2 votes)