Myanmar
မုန့်ဦးနှောက် ပြုလုပ်နည်း
မကြာမီအချိန်တွင် သင်္ကြန်ကာလကို ရောက်တော့မှာဖြစ်ပါတယ်။
သင်္ကြန်အချိန်ကာလအတွင်းမှာ အလှူအတန်းပြုလုပ်ချင်လို့ပဲဖြစ်ဖြစ်၊ အိမ်မှာမိသားစု စားချင်လို့ပဲဖြစ်ဖြစ် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ မုန့်ဦးနှောက်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ယိုးဒယားဆန်မှုန့်၊ ယိုးဒယားသာကူ၊ ယိုးဒယားအုန်းနို့ဗူး၊ သကြား၊ ဆား၊ အုန်းသီးရင့်ရင့် တို့ လိုအပ်ပါမယ်။
ပထမဆုံး အုန်းသီးအရည်ညှစ်ပြီး အုန်းဆီချက်ချက်ထားပါ။
ပြီးလျှင် ဆန်မှုန့်ကို ရေနှင့်ရောဖျော်ပြီး တစ်နာရီခန့် မုန့်သားညက်အောင် ထားထားပေးပါ။
ပြီးရင်တော့ ရေဆူအောင်တည်ပြီး ဆူလျှင် သာကူမျက်စိပျောက်အောင်ကြိုထားပါ။
သာကူမျက်စိပျောက်လာလျှင် နှပ်ထားသော ဆန်မှုန့်ဖျော်ထားတာကိုထည့်လိုက်ပါ။
အဆက်မပြတ်မွှေနေရင်းနဲ့ သကြား၊ ဆား၊ အုန်းနို့ဗူးထဲမှ အုန်းနို့များထည့်လိုက်ပါ။
မီးအနေတော်လေးနဲ့အဆက်မပြတ်မွှေရင်း မုန့်ရည်ပြစ်အောင်ပြုလုပ်ထားပါ။
မုန့်ရည်ပြစ်လာပြီး မုန့်ရည်ကြွက်မှီးတန်း ခပ်ပြစ်ပြစ်အနေအထား ရပြီဆိုလျှင်တော့ ရပါပြီ။
ပြီးလျှင် မုန့်ဗန်းထဲမှာ ဆီအနဲငယ်သုတ်ထားပါ။ ပြီးနောက် ကြိုထားတဲ့ မုန့်နှစ်ရည်ကို ဗန်းထဲသွန်
ချပြီး မျက်နှာပြင်ညီအောင်ညှိပြီး အအေးခံထားပါ။
မုန့်အေးပြီဆို ဓါးကို ဆီသုပ်ပြီး ကြိုက်နှစ်သက်သလိုလှီး ဖြတ်ပြီး အုန်းဆီချက်၊ သကြားတို့နဲ့တွဲဖက်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။