Myanmar
ရခိုင်စတိုင် မျှစ်စပ်စပ်လေးချက်ကြည့်ကြမယ်
အစပ်ကြိုက်နှစ်သက်သူများ၊ အဆီမစားချင်သူများအတွက် ရခိုင်စတိုင် မျှစ်စပ်စပ်ချက်နည်းလေးကိုအောက်တွင်ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ မျှစ်နုနု၊ ပုစွန်ခြောက်၊ စိမ်းစားငါးပိ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းသီးမှည့်တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး မျှစ်နုနုတွေကိုရေဖြင့် ပြုတ်ပေးထားပါ။
ပြီးလျှင် အရင်းပိုင်းလေးတွေကိုထက်ခြမ်း(သို့)လေးစိတ်ခွဲပြီးအရာပေးထားပါ။
ပြီးနောက် အိုးသေးသေးတစ်လုံးမှာ စိမ်းစားငါးပိနှင့်ငရုတ်သီးစိမ်းကို နနွင်းမှုန့်အနည်းငယ်နှင့်အတူရေခမ်းသည်အထိပြုတ်ပါ။
ပြီးလျှင် ပြုတ်ထားသောအရောကိုညှက်အောင်ထောင်းပါ။
ပြီးနောက် ပုစွန်ခြောက်ကိုလည်း မညက်တညက်ထောင်းထားပါ။
ပြီးလျှင် အိုးတစ်လုံးမှာ ရေ (သို့)ပြုတ်ရည် အပူပေးပါ။ ထိုပြုတ်ရည်ထဲသို့ထောင်းထားသော ငါးပိနှင့် ငရုတ်သီးအရော၊ ပုစွန်ခြောက်ထောင်းကို ထည့်မွှေလိုက်ပါ။
ပြီးနောက် ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းမှည့်ရည်တို့ဖြင့်အရသာဖြည့်စွက်ပါ။
ပြီးလျှင် လှီးထားသောမျှစ်စို့လေးတွေ ထည့်ပြီးချက်ပါ။
ပြိးတော့မှ နံနံပင်အရိုးလေးတွေကို ဦးစွာထည့်ထားပြီး မီးဖိုပေါ်ချခါနီးမှ နံနံပင်အရွက်လေးတွေ အုပ်ပေးပြီးရင် ထမင်းမြိန်စေမယ့် ရခိုင်စတိုင် မျှစ်စပ်စပ်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



