Myanmar
ရခိုင်ရိုးရာအစားအစာဖြစ်တဲ့ ပြည်ကြီးငါးသုပ်ကို ဆိုင်တွင်သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း
ပထမဆုံး ပြည်ကြီးငါးကို ရေဆေးသန့်စင်ပါ။ ပြီးလျှင်လည်း ဆားနှင့်နယ်ပြီး ရေကို အထပ်ထပ်ဆေး၍ သန့်စင်ပြီး ရေစစ်ထားပါ။
ပြီးနောက် ဒယ်အိုးအထဲတွင် ရေစစ်ထားသည့် ပြည်ကြီးငါးများကိုထည့်ကာ မီးပြင်းပြင်းဖြင့် အပ်ါရံတင်းရုံသာ ခဏအိုးပူတိုက်ပေးပါ။ အိုးပူတိုက်ထားသော ပြည်ကြီးငါးများကို ဒယ်အိုးထဲမှ ထုတ်ပြီး အအေးခံပါ။
ပြီးလျှင် ဒယ်အိုးထဲတွင် ကျန်နေသည့် ပြည်ကြီးငါး အရည်များကို အနည်းငယ် ကျန်သည်အထိ ဆက်တည်ပေးထားပါ။
ပြီးလျှင် ထောင်းထားသော ပါဝင်ပစ္စည်းများ အားလုံးနှင့် ပြည်ကြီးငါးအရည်များကို ဇလုံထဲ ထည့်၍ သုပ်လိုက်ပါ။
Unicode ဖြင့်ဖတ်ရန်
ရခိုင်ရိုးရာအစားအစာဖြစ်တဲ့ ပြည်ကြီးငါးသုပ်
ရခိုုင်ရိုးရာအစားအစာဖြစ်တဲ့ ပြည်ကြီးငါးသုပ်ကို ဆိုင်တွင်သွားရောက်စားစရာမလိုဘဲ အိမ်တွင်လည်း မိသားစုကို လုပ်ကျွေးနိုင်အောင် ချဉ်ငံစပ် ပြည်ကြီးငါးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါ၀င်ပစ္စည်းတွေကတော့ ပြည်ကြီးငါး၊ ငပိစိမ်းစား၊ သခွားသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုစွန်ငံပြာရည်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာရည်၊ ငရုတ်ကောင်းမှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ပြည်ကြီးငါးကိုု ရေဆေးသန့်စင်ပါ။ ပြီးလျှင်လည်း ဆားနှင့်နယ်ပြီး ရေကိုု အထပ်ထပ်ဆေး၍ သန့်စင်ပြီး ရေစစ်ထားပါ။
ပြီးနောက် ဒယ်အိုးအထဲတွင် ရေစစ်ထားသည့် ပြည်ကြီးငါးများကိုုထည့်ကာ မီးပြင်းပြင်းဖြင့် အပါ်ရံတင်းရုုံသာ ခဏအိုးပူတိုက်ပေးပါ။ အိုးပူတိုက်ထားသော ပြည်ကြီးငါးများကိုု ဒယ်အိုုးထဲမှ ထုုတ်ပြီး အအေးခံပါ။
ပြီးလျှင် ဒယ်အိုးထဲတွင် ကျန်နေသည့် ပြည်ကြီးငါး အရည်များကိုု အနည်းငယ် ကျန်သည်အထိ ဆက်တည်ပေးထားပါ။
ပြီးရင်တော့ ငရုပ်ဆုံထဲတွင် လှော်ထားသော ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူကို ငပိစိမ်းစားနှင့် တွဲထောင်းပါ။
ပြီးလျှင် ထောင်းထားသော ပါဝင်ပစ္စည်းများ အားလုံးနှင့် ပြည်ကြီးငါးအရည်များကိုု ဇလုံထဲ ထည့်၍ သုပ်လိုက်ပါ။
အပေါ့အငန်အတွက် ပုစွန်ငံပြာရည်ထည့်ပြီးလျှင်တော့ အပေါ်မှ နံနံပင်နှင့် ငရုတ်ကောင်းမှုန့်ဖြူးပြီးရင်တော့ ရခိုင်စတိုင် ချဉ်စပ် ပြည်ကြီးငါးသုပ်လေးက ခံတွင်းတွေ့စေမှာဖြစ်ပါတယ်။