Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထားဝယ်ဒေသအစားအစာ မုန့်လက်သုပ်ပြုလုပ်နည်း

ထားဝယ်ကို ရောက်မှ စားလို့ရမယ့် ထားဝယ်မုန့်လက်သုပ်လုပ်နည်းလေးကို ကိုယ်တိုင်လုပ်စားနိုင်အောင် ချက်နည်းလေးကို Myanmar Food Industrial Guide မှ လမ်းညွှန်ပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မုန့်ဟင်းခါးဖတ်၊ ငါးကြင်း၊ စပါးလင်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ သံပရာသီး၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ ပအုန်းရည်တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းမှုန့်ဖြင့်နယ်၍ စပါးလင်၊ ပအုန်းရည်နဲ့ရောပြီး ပြုတ်ပေးထားပါ။

 

 

ပြီးလျှင် ငါးကို အဖတ်သေးသေးလေးတွေဖြစ်အောင် အရိုးနွှင်ပြီး ငါးပြုတ်ရည်အိုးထဲပြန်ထည့် ထားပါ။

 

 

ပြီးနောက် ကြက်သွန်ဖြူကိုထောင်းထားပါ။ ကြက်သွန်နီကို လေးစိတ်စိပ်ထားပါ။ ပြီးလျှင် တစ်လွှာချင်းစီခွာပြီး ဟင်းရည်အိုးထဲထည့်ထားပါ။

 

 

ပြီးလျှင် နံနံပင်၊ ငရုတ်သီးစိမ်းညှပ်ထည့်ပြီး ငံပြာရည်ထည့်လိုက်ပါ။

 

ပြီးနောက် အပေါ့အငံ စိတ်တိုင်းကျပြီဆိုရင်တော့ မုန့်ဖတ်ထည့်ထားတဲ့ ပန်းကန်ထဲမှာ ဟင်းရည်လောင်းထည့် သံပရာသီးလေးညှစ်ပြီးရင်တော့ ထားဝယ်ဒေသအစားအစာဖြစ်တဲ့ မုန့်လက်သုပ်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:10
Rate this item
(0 votes)