Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီနဲ့ နို့ ကျောက်ကျောပြုလုပ်နည်း

ဝါတွင်းကာလရောက်တော့မယ်ဆိုတော့ အလှူအတန်းလုပ်ချင်သူများနှင့် မိသားစုဆုံတုန်းလေး အိမ်တွင် လုပ်စားချင်သူများအတွက်

ကော်ဖီနဲ့ နို့ကျောက်ကျောပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ အာဂါး ကျောက်ကျောမှုန့်၊ ကော်ဖီမစ်အထုပ်၊ နွားနို့၊ သကြား တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အာဂါးကျောက်ကျောမှုန့်ကို ဆတူအညီအမျှ ခွဲထားပါ။

 

ပြီးလျှင် တစ်ဝက်ကို ကော်ဖီမှုန့်၊ သကြား၊ ရေထည့်ပြီး ကျောက်ကျောမှုန့်တွေ ပျော်ဝင်သွားတဲ့အထိ ကျိုထားပါ။

 

ပြီးနောက် အခဲခံမည့် လင်ဗန်းထဲသို့ထည့်ပြီး အအေးခံထားပါ။

 

ကျန်တဲ့ ကျောက်ကျောမှုန့်တစ်ဝက်ကို နွားနို့  နဲ့ ရေ ရောကျိုပေးပါ၊ ကျန်သကြား တစ်ဝက်ထည့် လိုက်ပါ။

 

ကျောက်ကျောမှုန့်ပျော်ဝင်တဲ့အထိကျိုပြီးရင် အနည်းငယ် အပူလျှော့သွားအောင် ရေအေးထဲမှာ အိုးကိုခဏထည့်ပေးပြီး သမအောင် မွှေပေးလိုက်ပါ။

 

ခပ်နွေးနွေး အနေထားမှာ နို့ကျောက်ကျောရည်ကို ဇွန်းနဲ့ တစ်ဇွန်းချင်းခပ်ပြီး ကော်ဖီ ကျောက်ကျောပေါ်ကို ထည့်လိုက်ပါ။

 

ပြီးနောက် အအေးခံပြီး၊ ခဲသွားတဲ့အခါ လိုအပ်သလို လှီး၍ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> ကိုရီးယားစတိုင်လ် ကြက်တောင်ပံ အစပ် ကြွပ်ကြော်

 

 

Read 2663 times Last modified on Tuesday, 18 September 2018 11:47
Rate this item
(3 votes)