Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သုံးခွမြို့နယ်တွင် ပဲတီစိမ်းများ ယခင်နှစ်ထက် စျေးပိုမိုရရှိ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ပဲတီစိမ်းများ စတင်ထွက်ပေါ်နေ

ကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းစိုက်ဧက ၁၂၉,၉၉၅ ဧက ဖြစ်ပြီး ဇန်နဝါရီလ တတိယအပတ်မှစ၍ ဘုရားကြီးကျေးရွာ၊ ကတုံးပေါ်၊ ဝင်းကြီး၊ နံယော၊ ရေပေါ်ကန်၊ အောင်ပန်းစိန်၊ အလန်းကုန်း၊ ကိုင်းကုန်း၊ လသာကုန်း၊ မကျီးပင်ချောင်း စသည့် ကျေးရွာများမှ ပဲတီစိမ်းအနည်းငယ် စတင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

 

United

 

ပဲတီစိမ်းထွက်ရှိမှုအနေဖြင့် ဧက ၁၂၀ ခန့်ရှိကြောင်း တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ၁၇ တင်း၊ ၁၈ တင်းခန့်ရှိ၍ ပဲတီစိမ်း တစ်တင်းလျှင် ငွေကျပ် ၆၅,၀၀၀ မှ ၆၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ထွက်ရှိသော ပဲတီစိမ်းများအား သုံးခွမြို့နယ်ရှိ Bright Light Co.,Ltd မှ စတင်ဝယ်ယူနေပြီဖြစ်ကြောင်း သိရသည်။

 

ယခင်နှစ် ပဲတီစိမ်းစတင်ထွက်ရှိချိန်တွင် တစ်တင်းလျှင် ငွေကျပ် ၄၆,၂၀၀ ဖြစ်ပြီး ယခုနှစ် ပဲတီစိမ်း စတင်ထွက်ရှိချိန်၌ တစ်တင်းလျှင် ငွေကျပ် ၆၅,၀၀၀ မှ ၆၆,၀၀၀ ဖြစ်၍ ယခင်နှစ်ထက် စျေးပိုမိုရရှိကြောင်း သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 21 February 2023 11:05
Rate this item
(0 votes)