Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲတီစိမ်းစျေးကွက် ပိုမိုတွင်ကျယ်လာစေရန် တောင်သူများ မျှော်လင့်

ပဲတီစိမ်းစျေးကွက် ယခုထက် ပိုမိုတွင်ကျယ်လာစေရန် မျှော်လင့်နေကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ပဲတီစိမ်းစီးပွားဖြစ်

စိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

 

“သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိတာကြောင့် ကိုယ်တိုင်တင်ပို့ရောင်းချတာမျိုးမလုပ်နိုင်ကြတာများတယ်။ ပဲကုန်သည်/ပဲပွဲစားတွေကတစ်ဆင့်ပဲ ရောင်းချနေကြရတယ်။

ပဲစျေးကလည်း သူတို့ဖြတ်ပေးတဲ့ စျေးနဲ့ပဲရောင်းရတယ်။ စျေးကွက်ပိုင်းအခုထက်ပိုမိုတွင်ကျယ်ဖို့ဆိုရင် စာချုပ်စနစ် စိုက်ပျိုးရေးစနစ်ဖြစ်ဖြစ်၊ အသေအချာ စျေးဖြတ်ဝယ်ယူပေးမယ့် ကုမ္ပဏီမျိုးဖြစ်ဖြစ် ရရှိဖို့ လိုနေပါတယ်။

အခုက စျေးကွက်မှာ ခိုင်မာစွာဝယ်ယူတဲ့ ကုမ္ပဏီမရှိပါဘူး အများစုလယ်သမားတွေက သယ်ယူပို့ဆောင်ရေးနဲ့ နေရာအထားအသို အခက်အခဲတွေကြောင့် ကွင်းဆင်းပြီးလာဝယ်ကြတဲ့အလေးချိန်ခိုး/အမြတ်ကြီးစား ပွဲစားတွေကိုသာ ရောင်းချနေကြရပါတယ်”

ဟု ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပဲတီစိမ်းစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ တစ်ဦးကပြောသည်။

 

ပဲတီစိမ်းသီးနှံသည် စတင်စိုက်ပျိုးပြီးနောက် အချိန်ကာလ သုံးလအကြာ ရက်ပေါင်း ၉၀ ဝန်းကျင်အကြာတွင် စျေးကွက်တင်ပို့ရန် ခူးဆွတ်နိုင်သည့် သီးနှံအမျိုးအစားတစ်ခုလည်းဖြစ်သည်။

 

“စိုက်ပျိုးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မျိုးပဲတစ်တင်းကို မနှစ်က ကျပ်ငါးသောင်းခွဲ ဒီနှစ်ဆိုရင် ကျပ်ခုနှစ်သောင်းခွဲနဲ့ ပေးဝယ်ရပါတယ်။

ပျမ်းမျှ စိုက်ပျိုးစရိတ်အနေနဲ့ တွက်ချက်ကြည့်တော့ မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်အားခ၊ အထွေထွေစရိတ် စုစုပေါင်းဆိုရင် တစ်ဧက စိုက်ပျိုးစရိတ်ကချည်း ကျပ်လေးသိန်းခွဲလောက် ကုန်ကျပါတယ်။

မနှစ်ကစျေးအနေနဲ့ကတော့ တစ်တင်းကို ကျပ်ငါးသောင်းကနေ ကျပ်ခြောက်သောင်းကြားသာ ရရှိခဲ့ကြပါတယ်” ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပဲတီစိမ်းစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ တစ်ဦးကဆက်ပြောသည်။

 

အများအားဖြင့် ပဲတီစိမ်းသီးနှံကို နိုဝင်ဘာလ(တန်ဆောင်မုန်းလဆန်း) တွင် စတင်စိုက်ပျိုးလေ့ရှိပြီး ရာသီဥတုဖောက်ပြန်ခြင်းနှင့် စပါးအပြီး ပဲစိုက်ပျိုးချိန်တွင် စပါးရိတ်သိမ်းချိန် ပုံမှန်ထက်နောက်ကျခြင်းတို့ ကြုံတွေ့လျှင် စိုက်ပျိုးချိန်အနည်းငယ် နောက်ကျတတ်ကြောင်း သိရသည်။

 

Source: The Mirror

Myanmar Food Industry Guide

Read times
Rate this item
(0 votes)