Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပေါ်ဦးပေါ်ဖျား ပဲတီစိမ်းအသစ်များ စျေးကွက်တွင် အဖွင့်စျေးကောင်းရရှိ

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ပဲစျေးကွက်အတွင်းသို့ ပဲတီစိမ်းအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား

စျေးကွက် အဖွင့်စျေးကောင်းရရှိကာ တစ်တင်း (ပိဿာ ၂၀) လျှင် ယမန်နေ့ နံနက် ၁၀ နာရီခွဲ ပေါက်စျေးမှာ ကျပ် ၆၄,၅၀၀ ဖြစ်ကြောင်းသိရသည်။

 

စျေးကွက်အတွင်း စတင်ဝင်ရောက်ခါစ ဖြစ်သည့်အတွက် စျေးနှုန်းတည်ငြိမ်မှု မရှိသေးကြောင်း၊ လှိုင်လှိုင်ပေါ်ပါက စျေးနှုန်း အပြောင်းအလဲရှိနိုင်ကြောင်းနှင့် အထွက်နှုန်းကောင်း၍ ပေါက်စျေးပိုမိုမြင့်မားပါက တောင်သူများ ပို၍တွက်ခြေကိုက်ကြောင်း သိရသည်။

 

 Empire Chemicals

Click Here >>> Empire Chemicals

 

သုံးခွမြို့နယ်တွင် မိုးစပါးနှင့် သီးထပ်အဖြစ် ဆောင်းသီးနှံပဲတီစိမ်းရွှေဝါနှင့် ရေဆင်းအမျိုးအစားတို့ကို အဓိကစိုက်ပျိုးကြသည်။ ပဲတီစိမ်းသည် စိုက်ပျိုးပြီးနှစ်လခွဲအကြာတွင် ဆွတ်ခူးရရှိကြောင်း သိရသည်။ ပဲတီစိမ်းကို နိုဝင်ဘာလ လဆန်းပိုင်းတွင်စတင် ထွန်ယက်စိုက်ပျိုးကြပြီး တောင်သူတစ်ဦးနှင့် တစ်ဦးစိုက်ပျိုးသည့်အချိန် ကွာခြားမှုကြောင့် ပဲထွက်ချိန် ကွာခြားမှုရှိနိုင်ပြီး

ဖေဖော်ဝါရီလတွင် လှိုင်လှိုင်ပေါ်မည်ဟု သိရသည်။

 

ပဲတီစိမ်းသည် တစ်နေရာနှင့် တစ်နေရာ အထွက်နှုန်းကွာခြားမှုရှိနိုင်ပြီး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးမှု၊ စိုက်ပျိုးသည့် မြေအမျိုးအစား ကောင်းမွန်မှု၊ ရာသီဥတုအခြေအနေ၊ ပိုးမွှားကျရောက်မှု၊ ပြုစုပျိုးထောင်ပုံနည်းစနစ် မှန်ကန်မှုတို့အပေါ်တွင်မူတည်ပြီး တစ်ဧက တင်း ၂၀ ကျော် ထွက်ရှိနိုင်ကြောင်း သိရသည်။

 

သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီ၌ မြို့မနှင့် ကျေးရွာအုပ်စု ၆၄ အုပ်စုတွင် ဆောင်းသီးနှံပဲတီစိမ်း ၁၂၉,၉၉၅ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: The Mirror

Myanmar Food Industry Guide

Read times Last modified on Tuesday, 24 January 2023 15:43
Rate this item
(0 votes)