Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အဆာပြေ မုန့်ဗိုင်းတောင့်လုပ်စားရအောင်

Unicode ျဖင့္ဖတ္ရန္

အဆာပြေ မုန့်ဗိုင်းတောင့်လုပ်စားရအောင်

ပိတ်ရက် မိသားစုဆုံတုန်းလေး အဆာပြေမုန့်အဖြစ် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ မုန့်ဗိုင်းတောင့် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ အုန်းသီး၊ သကြား၊ နှမ်းအဖြူ၊ နှမ်းအနက် တို့လိုအပ်ပါမယ်။

 

Drinking Water ေသာက္ေရသန္႔လုပ္ငန္းေပါင္း ၉၆၉ ခုကိုရွာရန္ႏွိပ္ပါ။


ပထမဦးဆုံး ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ဆား တို့ကို သမအောင်ရောမွှေပေးပါ။  ပြီးလျှှင် ရေအနည်းထည့်ပြီး သမအောင် လက်ဖြင့် မွှေထားပေးပါ။  ဆန်သားကို စီးနေတဲ့အထိ ဖြစ်အောင် နယ်ပေးရပါမယ်။


ပြီးလျှင် နှမ်းဖြူနှင့် နှမ်းနက်ကို မွှေးနေအောင် လှော်ပေးပါ။ ပြီးရင်တော့ မီးကို အလယ်အလတ်အပူပေးပြီး အဆက်မပြတ်မွှေထားပေးပါ။

 

Read More >>>>>   ေကာ္ဖီေက်ာက္ေက်ာလုပ္စားရေအာင္


ပြီးနောက် နှမ်းထောင်းဖို့အတွက် လှော်ပြီးသားနှမ်းများကို ငရုတ်ဆုံထဲထည့် ဆား၊ သကြားထည့်ပြီးထောင်းပေးပါ။ ညက်ရင်တော့ ပန်းကန်လုံးတစ်ခုထဲထည့်ထားပေးပါ။


ပြီးရင်တော့ ရေနွေးကို ပွက်ပွက်ဆူအောင် တည်ထားပါ။ ရေဆူလာရင်တော့ နှပ်ထားတဲ့ မုန့်များကို မုန့်အရွယ်တော်အလုံးလေးတွေဖြစ်အောင် လုပ်ပြီး ပွက်ပွက်ဆူနေတဲ့ရေထဲသို့ ထည့်ပေးပါ။


ကျက်ရင်တော့ အပေါ်ကို တက်လာပါလိမ့်မယ်။ တက်လာတဲ့ မုန့်များကို ဆယ်ယူပြီး ရေအေးထဲသို့ ထည့်ထားပေးပါ။  ပြီးလျှင် ဇကာဖြင့် ရေစစ်ပေးထားပါ။

 

Read More >>>>>  ျမန္မာႏိုင္ငံအတြင္းရွိ ကြၽဲ၊ ႏြားမ်ားကုိ တ႐ုတ္က တရားဝင္လက္ခံျခင္းမရွိေသး


ပြီးရင်တော့ မုန့်များကို ပန်းကန်တစ်ခုထဲထည့်ပြီး အပေါ်ယံမှ အုန်းသီးဖြူး၊ နှမ်းထောင်းဖြူးပြီး နှစ်ခြိုက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory (WWH)


ကိုယ်တိုင်ရေးစာမူဖြစ်တဲ့အတွက် လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါတယ်။

 

 

 

အဆာေျပ မုန္႕ဗိုင္းေတာင့္လုပ္စားရေအာင္

 

ပိတ္ရက္ မိသားစုဆံုတုန္းေလး အဆာေျပမုန္႕အျဖစ္ လြယ္လင့္တကူျပဳလုပ္ႏိုင္တဲ့ မုန္႕ဗိုင္းေတာင့္ လုပ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ ဆန္မႈန္႕၊ ေကာက္ညွင္းမႈန္႕၊ အုန္းသီး၊ သၾကား၊ ႏွမ္းအျဖဴ၊ ႏွမ္းအနက္ တို႕လိုအပ္ပါမယ္။

 

Drinking Water ေသာက္ေရသန္႔လုပ္ငန္းေပါင္း ၉၆၉ ခုကိုရွာရန္ႏွိပ္ပါ။

 

ပထမဦးဆံုး ဆန္မႈန္႕၊ ေကာက္ညွင္းမႈန္႕၊ ဆား တို႕ကို သမေအာင္ေရာေမႊေပးပါ။  ၿပီးလွွ်င္ ေရအနည္းထည့္ၿပီး သမေအာင္ လက္ျဖင့္ ေမႊထားေပးပါ။  ဆန္သားကို စီးေနတဲ့အထိ ျဖစ္ေအာင္ နယ္ေပးရပါမယ္။

 

ၿပီးလွ်င္ ႏွမ္းျဖဴႏွင့္ ႏွမ္းနက္ကို ေမႊးေနေအာင္ ေလွာ္ေပးပါ။ ၿပီးရင္ေတာ့ မီးကို အလယ္အလတ္အပူေပးၿပီး အဆက္မျပတ္ေမႊထားေပးပါ။

 

Read More >>>>>   ေကာ္ဖီေက်ာက္ေက်ာလုပ္စားရေအာင္

 

ၿပီးေနာက္ ႏွမ္းေထာင္းဖုိ႕အတြက္ ေလွာ္ၿပီးသားႏွမ္းမ်ားကို င႐ုတ္ဆံုထဲထည့္ ဆား၊ သၾကားထည့္ၿပီးေထာင္းေပးပါ။ ညက္ရင္ေတာ့ ပန္းကန္လံုးတစ္ခုထဲထည့္ထားေပးပါ။

 

ၿပီးရင္ေတာ့ ေရေႏြးကို ပြက္ပြက္ဆူေအာင္ တည္ထားပါ။ ေရဆူလာရင္ေတာ့ ႏွပ္ထားတဲ့ မုန္႕မ်ားကို မုန္႕အရြယ္ေတာ္အလံုးေလးေတြျဖစ္ေအာင္ လုပ္ၿပီး ပြက္ပြက္ဆူေနတဲ့ေရထဲသို႕ ထည့္ေပးပါ။

 

က်က္ရင္ေတာ့ အေပၚကို တက္လာပါလိမ့္မယ္။ တက္လာတဲ့ မုန္႕မ်ားကို ဆယ္ယူၿပီး ေရေအးထဲသုိ႕ ထည့္ထားေပးပါ။  ၿပီးလွ်င္ ဇကာျဖင့္ ေရစစ္ေပးထားပါ။

 

Read More >>>>>  ျမန္မာႏိုင္ငံအတြင္းရွိ ကြၽဲ၊ ႏြားမ်ားကုိ တ႐ုတ္က တရားဝင္လက္ခံျခင္းမရွိေသး

 

ၿပီးရင္ေတာ့ မုန္႕မ်ားကို ပန္းကန္တစ္ခုထဲထည့္ၿပီး အေပၚယံမွ အုန္းသီးျဖဴး၊ ႏွမ္းေထာင္းျဖဴးၿပီး ႏွစ္ၿခိဳက္စြာ တည္ခင္းသံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory (WWH) 

 

ကိုယ္တိုင္ေရးစာမူျဖစ္တဲ့အတြက္ လြတ္လပ္စြာ ကူးယူေဖာ္ျပႏိုင္ပါတယ္။

 

Read times Last modified on Tuesday, 11 February 2020 11:31
Rate this item
(0 votes)