Myanmar
မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
5 5 2023
မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအခြေအနေမှာ
ရန်ကုန်ပေါ်ဆန်းမှာ စတင် စိုက်ပျိုးရန် ပြင်ဆင်စဖြစ်၍ လက်ကျန်နည်း ပစ္စည်းရှားခြင်းကြောင့် တစ်အိတ် ၈၅၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။
ရွှေဘိုပေါ်ဆန်း လက်ကျန်နည်း ပစ္စည်းရှားခြင်းကြောင့် တစ်အိတ် ၉၇၀၀၀ ကျပ် မှ ၁၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဇီယာနှင့် ငစိန်တို့မှာလည်း ရန်ကုန်ဈေးကွက်မှတစ်ဆင့် သယ်ယူတင်ပို့ရသော ဆန်ဖြစ်ခြင်း ၊ စိုက်ပျိုးရန် ပြင်ဆင်စဖြစ်ခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်း ၊ မုန့်လုပ်ငန်းနှင့် မြို့တွင်းသုံးဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ဇီယာတစ်အိတ် ၆၂၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်သို့လည်း ကောင်း
၊ ငစိန်တစ်အိတ် ၅၉၀၀၀ ကျပ် မှ ၆၀၀၀၀ ကျပ်သို့လည်းကောင်း ဈေးမြင့်သွားသည်။
မနောသုခဆန်မှာလည်း မြို့တွင်းသုံးပုံမှန်ရှိခြင်း ၊ မန္တလေးဝန်းကျင်မှ စိုက်ပျိုး စကာလဖြစ်ခြင်းကြောင့် တစ်အိတ် ၆၄၀၀၀ ကျပ် မှ ၆၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန် မှာ အသစ်များ အဝင်နည်း ၊ ပစ္စည်းရှားသွားခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၈၈၀၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



