Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ချဉ်ငံစပ် ထားဝယ်ငါးပိထောင်း

အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး ထမင်းစားမြိန်စေမယ့် ထားဝယ်ငါးပိထောင်းချဉ်ငံစပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ မျှင်ငပိ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်၊ သံပရာသီးတို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး မျှင်ငပိကို မီးကင်ပေးပါ။

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကိုလည်း ဒယ်အိုးထဲထည့်ပြီး လှိမ့်ပေးထားပါ။

 

ပြီးနောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပါ။

 

 

Read More >>>>>  ပျားရည်နဲ့ ကြက်ကင်လေး အိမ်တွင် လုပ်စားရအောင်

 

ပြီးလျှင် ပုစွန်ခြောက်ကိုထည့်ထောင်းပါ။ ပြီးနောက် အရသာအတွက် ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပြီး ညက်နေအောင်ထောင်းပေးပါ။

 

အားလုံးညက်သွားပြီဆိုရင်တော့ မျှင်ငပိကင်ထားတာကို ထည့်ပြီး ညက်နေအောင်ထောင်းပေးပါ။

 

ပြီးရင်တော့ ပန်းကန်လုံးလေးထဲထည့်ပြီး အပေါ်မှ သံပရာသီးကိုညှစ်လိုက်ပါ။

 

ပြီးရင်တော့ ဟင်းမပါဘဲနဲ့လည်း သုံးဆောင်နိုင်တဲ့ ထားဝယ်ငါးပိထောင်း ချဉ်ငံစပ်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Read times Last modified on Friday, 05 July 2019 12:20
Rate this item
(1 Vote)