Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းဒေသအစားအစာ တို့ဟူး နှစ်ပြန်ကြော်

တို့ဟူးသုပ်ကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ ယခုတော့ ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း

ကိုယ်တိုင်ကိုယ်ကျ လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ တို့ဟူးနှစ်ပြန်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်သောပစ္စည်းများမှာ တို့ဟူးမှုန့်၊ ဆား၊ ဆနွင်းမှုန့် ၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး တို့ဟူးမှုန့်ကို ဇလုံတစ်လုံးထဲထည့်ပြီး ရေပန်းကန်လုံးထက်ဝက်ခန့်ထည့်၍ တို့ဟူးမှုန့်များကို ကျေသည်အထိ မွှေကာ ဇကာဖြင့် ရောမွှေပေးပါ။

 

ပြီးလျှင် တို့ဟူးမှုန့်များ ကျေသွားမှ ရေနည်းနည်းချင်း လောင်းထည့်ပေးပါ။

 

Read More >>>>> ထိုင်းစတိုင် ငှက်ပျောကြက်ဥမုန့်လက်ကောက်ကြော်

 

ရေထည့်ပြီးရင် ဆား၊ ဆနွင်းမှုန့်များကို ထည့်ကာ ရောမွှေလိုက်ပါ။

 

ရောမွှေထားသော တို့ဟူးမှုန့်နဲ့ ရေကို ဒယ်အိုးတစ်ခုထဲထည့်၍ မီးအသင့်တင့်ဖြင့် အဆက်မပြတ် မိနစ်အနည်းငယ်ခန့် မွှေပေးထားပါ။

 

တို့ဟူးမှုန့်ကို စေးကပ်လာသည် အထိ ရောမွှေပေးပါ။ စေးလာလျှင် မီးပိတ်၍ ကြိုက်နှစ်သက်ရာ ပုံစံခွက်တစ်ခုထဲ ထည့်၍ သုံးနာရီလောက် ကြာအောင် အအေးခံထားပေးပါ။

 

အအေးခံပြီးရင် လက်မ၀က်အထူများ လှီးပေးပါ။

 

ဒယ်အိုးထဲသို့ ဆီများများထည့်လိုက်ပါ။

 

ဆီပူလာလျှင် တို့ဟူးများကို ထည့်ပြီး ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပါ။

 

ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

 

ရှမ်းတို့ဟူး နှစ်ပြန်ကြော်အတွက် ကြော်ပြီးသား တို့ဟူးများကို မိနစ်အနည်းငယ်ခန့် အအေးခံပြီး ပြန်ကြော်ပေးလျှင် ပိုမို ကြွပ်ရွပြီး စားလို့အရမ်းကောင်းပါတယ်။

Read times Last modified on Tuesday, 18 September 2018 12:06
Rate this item
(5 votes)