Myanmar
မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးဈေးကွက်တွင် ဆီဈေးနှုန်းအနေဖြင့်
ပဲဆီ တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍၁၂၅၀၀၀ ကျပ် မှ ၁၃၅၀၀၀ ကျပ် ၊
နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ် ၊
မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊
နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊
ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊
စားအုန်းဆီ တစ်ပိဿာ ၆၃၀၀ ကျပ်
ဈေးအသီးသီးဖြင့် တည်ငြိမ်နေသည်။
ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆံ/ဆီဆံ)ဈေးနှုန်းမှာ ဆောင်းလက်ကျန်နည်းသွားပြီး မိုးမြေပဲစိုက်ရန် ပြင်ဆင်ချိန်ဖြစ်၍ မြေပဲ(လုံးဆံ) ၁၀၀ ပိဿာလျှင် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၆၅၀၀၀၀ ကျပ်မှ ယခုအပတ် ၆၈၀၀၀၀ ကျပ် သို့လည်းကောင်း ၊ မြေပဲ(ဆီဆံ)မှာလည်း ဆီစက်သမား ပုံမှန်ဝယ်ယူခြင်း ၊ ဆောင်းလက် ကျန် လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ယခင်အပတ် ၁၀၀ ပိဿာ ၆၃၀၀၀၀ ကျပ်မှ ယခု အပတ် ၆၄၇၅၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းများအနက် နှမ်းဖြူမှာ တရုတ်ဝယ်လက်နည်းသော်လည်း နွေနှမ်းမဝင်သေးခြင်းကြောင့် နှမ်းဖြူ (၄၅) ပိဿာ အရည်အသွေးအကောင်းဆုံး ၃၂၀၀၀၀ ကျပ် ၊ နှမ်းညို ၄၅ ပိဿာ ၂၆၅၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။နှမ်းနက်(စမုံ)မှာလည်း တရုတ်ဝယ်လက်နည်းပြီး အရောင်းအဝယ်အေးသောကြောင့် ၄၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပန်းနှမ်းနှင့် နေကြာမှာ ဆောင်းသီးနှံ အဝင်နည်းခြင်း ၊ ဆီစက်သမား အဝယ်ပုံ မှန်ရှိခြင်းကြောင့် ပန်းနှမ်း ၄၅ ပိဿာ ယခင်အပတ် ၁၈၀၀၀၀ ကျပ် မှ ယခုအပတ် ၁၉၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားပြီး နေကြာ ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ် မှ ၁၀၅၀၀၀ ကျပ်ထိ ဈေးမြင့်သွား သည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



