Myanmar
ကြက်ရခိုင်ချက် ချက်စားကြရအောင်
Unicode
ကြက်ရခိုင်ချက် ချက်စားကြရအောင်
ကြက်သားကို အစပ်လေးနဲ့မှ စားချင်သူများအတွက် ပူပူစပ်စပ် ကြက်ရခိုင်ချက် ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ငါးပိစိမ်းစား၊ ငရုတ်သီးစိမ်း၊ ဆား၊ နနွင်း၊ ကြက်သားမှုန့်၊ စပါးလင်၊ ဆီတို့လိုအပ်ပါမယ်။
ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အနေတော်အတုံးကလေးများတုံးပြီး နနွင်း၊ ဆား၊ ကြက်သားမှုန့်တို့နှင့် နယ်ပေးထားပါ။
Ice Factories (77)ရေခဲသိုလှောင်ခန်းများ (၇၇) ခုကိုရှာရန်နှိပ်ပါ။
ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် နနွင်းမှုန့်ထည့်ပြီးဆီသတ်ပေးပါ။
ပြီးလျှင် ငါးပိစိမ်းစားကို ဆီသတ်ပေးပါ။
ပြီးနောက် ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ စပါးလင်တို့ကိုထည့်ပြီး ဆီသတ်ပေးပါ။
အနံ့မွှေးလာရင်တော့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုလည်း ထည့်ပြီး ဆီသတ်ပေးပါ။
ပြီးရင်တော့ နယ်ထားတဲ့ ကြက်သားကိုထည့်လိုက်ပါ။ ကြက်သားမှာပါတဲ့ အရည်နဲ့ အရင်လုံးပေးပါ။
ပြီးလျှင် ကြက်သားကို အထက်အောက်မွှေပေးပါ။
Read More >>>>> အဆိပ်အတောက်မဖြစ်အောင် ကြက်ဥများကို ရေခဲသေတ္တာတံခါးအပေါ်နားမှာ မထည့်ပါနဲ့
ပြီးနောက် ကြက်သားကို ရေမြုပ်ရုံထည့်ပြီး အဖုံးဖုံး၍ တည်ထားပေးပါ။
ဆီပြန်ခါနီအချိန်မှာတော့ ရခိုင်လူမျိုးတွေအသုံးများတဲ့ အာပူရွက်ကို အပေါ်မှအုပ်လိုက်ပါ။
ပြီးလျှင် နံနံပင်ကို လှီးပြီးထည့်လိုက်ပါ။
ပြီးနောက် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ထည့်လိုက်ပါ။
ပြီးရင်တော့ ပူပူစပ်စပ်အရသာရှိတဲ့ ကြက်ရခိုင်ချက်လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
ၾကက္ရခိုင္ခ်က္ ခ်က္စားၾကရေအာင္
ၾကက္သားကို အစပ္ေလးနဲ႕မွ စားခ်င္သူမ်ားအတြက္ ပူပူစပ္စပ္ ၾကက္ရခိုင္ခ်က္ ခ်က္နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ားကေတာ့ ၾကက္သား၊ ငါးပိစိမ္းစား၊ င႐ုတ္သီးစိမ္း၊ ဆား၊ နႏြင္း၊ ၾကက္သားမႈန္႕၊ စပါးလင္၊ ဆီတို႕လိုအပ္ပါမယ္။
ပထမဦးဆံုး ၾကက္သားကို ေရေဆးသန္႕စင္ၿပီး အေနေတာ္အတံုးကေလးမ်ားတံုးၿပီး နႏြင္္း၊ ဆား၊ ၾကက္သားမႈန္႕တို႕ႏွင့္ နယ္ေပးထားပါ။
Ice Factories (77)ေရခဲသိုုေလွာင္ခန္းမ်ား (၇၇) ခုကိုရွာရန္ႏွိပ္ပါ။
ၿပီးေနာက္ ဒယ္အိုးထဲဆီထည့္ ဆီပူလာလွ်င္ နႏြင္းမႈန္႕ထည့္ၿပီးဆီသတ္ေပးပါ။
ၿပီးလွ်င္ ငါးပိစိမ္းစားကို ဆီသတ္ေပးပါ။
ၿပီးေနာက္ ေထာင္းထားတဲ့ င႐ုတ္သီးစိမ္း၊ စပါးလင္တို႕ကိုထည့္ၿပီး ဆီသတ္ေပးပါ။
အနံ႕ေမႊးလာရင္ေတာ့ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီကိုလည္း ထည့္ၿပီး ဆီသတ္ေပးပါ။
ၿပီးရင္ေတာ့ နယ္ထားတဲ့ ၾကက္သားကိုထည့္လိုက္ပါ။ ၾကက္သားမွာပါတဲ့ အရည္နဲ႕ အရင္လံုးေပးပါ။
ၿပီးလွ်င္ ၾကက္သားကို အထက္ေအာက္ေမႊေပးပါ။
Read More >>>>> အဆိပ္အေတာက္မျဖစ္ေအာင္ ၾကက္ဥမ်ားကို ေရခဲေသတၱာတံခါးအေပၚနားမွာ မထည့္ပါနဲ႕
ၿပီးေနာက္ ၾကက္သားကို ေရျမဳပ္႐ံုထည့္ၿပီး အဖံုးဖံုး၍ တည္ထားေပးပါ။
ဆီျပန္ခါနီအခ်ိန္မွာေတာ့ ရခိုင္လူမ်ဳိးေတြအသံုးမ်ားတဲ့ အာပူရြက္ကို အေပၚမွအုပ္လိုက္ပါ။
ၿပီးလွ်င္ နံနံပင္ကို လွီးၿပီးထည့္လိုက္ပါ။
ၿပီးေနာက္ င႐ုတ္သီးစိမ္းကို ထက္ျခမ္းျခမ္းၿပီး ထည့္လိုက္ပါ။
ၿပီးရင္ေတာ့ ပူပူစပ္စပ္အရသာရွိတဲ့ ၾကက္ရခိုင္ခ်က္ေလးကို ထမင္းပူပူေလးနဲ႕ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။
Myanmar Food Industry Directory