Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းချဉ်သီးသနပ်


ခရမ်းချဉ်သီးပေါတဲ့အချိန်မှာ ကြာရှည်ခံအောင် သနပ်ပြုလုပ်ပြီး သိမ်းဆည်း သုံးဆောင်နိုင်ပါတယ်။သူ့အရသာကတော့ ထူးခြားပြီး နှစ်သက်ရာထမင်း၊ ထမင်းဖြူ၊

အိန္ဒိယအစားများနှင့်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ အောက်တွင် ခရမ်းချဉ်သီးသနပ်ပြုလုပ်နည်းလေးကို ဖော်ပြလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ခရမ်းချဉ်သီး၊ ဆား၊ အရောင်တင်မှုန့်၊ ပဲနံ့သာစေ့၊ မုန်ညှင်းစေ့၊ မန်ကျည်းမှည့်၊ ပျဉ်းတော်သိမ်း၊ ငရုတ်သီးစိမ်း၊ ဆီတို့ လိုအပ်ပါမယ်။



ပထမဦးဆုံး ခရမ်းချဉ်သီးကို ရေဆေးသန့်စင်ပြီး အစိပ်စိပ်ကာအစေ့များကိုဖယ်ထုတ်ပြီး လင်ဗန်းတွင်အတွင်းသားကိုအပေါ်မှထားပြီး ဆားဖြူးပေးထားပါ။

 


ပြီးလျှင်တော့ နေပူပူတွင် နေကို နှစ်နေမှ သုံးနေလှန်းပေးပြီး အတော်အသင့်ခြောက်သွေ့ပါကသနပ်ပြုလုပ်ရန် နေလှန်းခရမ်းချဉ်သီးခြောက်အသင့်ပြင်ထားပါ။

 


ပြီးနောက် မန်ကျည်းမှည့်ကို ရေနွေးစိမ်ထားပါ။ ပဲနံ့သာစေ့နှင့် မုန်ညင်းစေ့လှော်ပြီးကြိတ်ထားပေးပါ။

 


ပြီးရင်တော့အခြောက်လှန်းပြီးသား ခရမ်းချဉ်သီးခြောက်ကိုရေနွေးစိမ်ထားသော မန်ကျည်းမှည့်နှင့် ရောကာ ကြိတ်စက်တွင် ရောကြိတ်ထားပါ။

 


ပြီးလျှင် အိုးထဲတွင် ဆီထည့်ပြီး အရောင်တင်မှုန့်၊ ဆီသပ်ရွက်၊ ပဲနံ့သာစေ့၊ မုန်ညင်းစေ့အမှုန့်တို့ကိုဆီသပ်ပေးပါ။

 


ပြီးနောက် ဆီသပ်နံ့ မွေးလာပါက မီးပိတ်ပြီးကြိတ်ထားသောခ ရမ်းချဉ်သီးကိုထည့်၍ သမအောင်မွှေပေးပါ။ အရသာအပေါ့အငံမြည်းကြည့်ပါ။

 

 

လိုအပ်ပါက ဆားအနည်းငယ်ထည့်ပြီး မီးဖိုမှချ၍ အအေးခံထားပါ။

 


နောက်ဆုံး လုံးဝအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သော ပုလင်းတွင်ထည့်ပြီး ရေခဲသေတ္တာတွင်သိမ်းဆည်းပေးထားပါ။ ခရမ်းချဉ်သီးသနပ် စားတဲ့အခါတွင်လည်း ဇွန်းသန့်သန့်ဖြင့် ခပ်ယူစားသုံးပါက နှစ်ဝက်ခန့် တာရှည်ခံအထားခံ ပါတယ်။

Read times Last modified on Tuesday, 18 September 2018 10:11
Rate this item
(1 Vote)