Myanmar



မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်  စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

22 June 2023

 

စားသုံးဆီဈေးနှုန်းအနေဖြင့်

ပဲဆီတပိဿာ ၁၂၅၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်

နှမ်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ်

မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ်

ပဲပုပ်ဆီတစ်ပိဿာ ၅၈၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊

စားအုန်းဆီ တစ်ပိဿာ ၆၁၀၀ကျပ် ဈေးဖြင့်

အရောင်းအဝယ်အေးသော်လည်း ဈေးတည်ငြိမ်နေသည်။

 

မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက်

မြေပဲ (လုံးဆံ) မှာ မိုးမြေပဲစိုက်ထားချိန်ဖြစ်၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိသည်။

မြေပဲ (လုံးဆံ) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၆၈၀၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေသည်။

 

မြေပဲဆီဆံမှာ ဆီစက်သမား အဝယ်နည်းနေသည်။
၁၀၀ ပိဿာ ၆၀၀၀၀၀ ကျပ်မှ ၆၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက် ရှိသည်။
အက်ဆစ်ပါဝင်မှု အရည်အသွေးပေါ်မူတည်၍ ၄၅ပိဿာ ၃၆၅၀၀၀ ကျပ်မှ ၃၄၅၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။

 

နှမ်းညိုမှာ ဆီစက်သမား ပုံမှန်ဝယ်ယူမှုရှိခြင်း၊ နွေနှမ်းဝင်ရောက်မှုနည်းသည်။
၄၅ ပိဿာ ၃၀၄၀၀၀ ကျပ်မှ ၃၀၇၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

နှမ်းနက်စမုံမှာ ၃၄၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးမြင့်တက်သည်။

 

နှမ်းဝါမှာ အထွက်နည်း အဝင်နည်းနေသည်။
၄၅ ပိဿာ ၃၆၅၀၀၀ ကျပ်သို့ ဈေးမြင့်တက်သည်။

 

ပန်းနှမ်းမှာ ရောဆီအဖြစ်သုံးရန် ဆီစက်သမား အဝယ်ရှိခြင်း၊ အထွက်နည်း အဝင်နည်း၍ ထွက်ရှိရာဒေသများမှ အဝင်နည်းပြီး ပစ္စည်းရှားနေသည်။
၄၅ ပိဿာ ၂၀၀၀၀၀ ကျပ်ဈေး ရှိသည်။

 

နေကြာမှာ ဆောင်းနေကြာ လက်ကျန်နည်းခြင်း၊ မိုးနေကြာမဝင်သေးသော စပ်ကူးမတ်ကူးကာလ ဖြစ်သည်။
၂၇ပိဿာ ၁၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 24 June 2023 09:10
Rate this item
(0 votes)