Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

30 6 2023

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့်
ရန်ကုန်ပေါ်ဆန်း ၊ ရွှေဘိုပေါ်ဆန်းတို့မှာ စိုက်ပျိုးထားဆဲကာလဖြစ်၍ အရောင်းအဝယ်အေးခြင်းကြောင့်

ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၉၇၀၀၀ ကျပ် ၊

ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၀၅၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။



မနောသုခဆန်မှာ မြို့တွင်းအများသုံး ဆန်ဖြစ်ခြင်း ၊ မိုးစပါး စိုက်ထားဆဲ ကာလဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။



ဇီယာဆန် နှင့် ငစိန်ဆန်မှာလည်း တောင်သူထဲ လက်ကျန်နည်း၍ လှောင်သမားထံမှ ဝယ်ရခြင်း ၊ တရုတ်ဝယ်လက်အနည်းငယ်ရှိခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ငစိန်ဆန် တစ်အိတ် ၅၈၀၀၀ ကျပ် မှ ၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ဧရာမင်းဆန်မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ မြို့တွင်းစားသုံးမှုများခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ ကျပ် မှ ၁၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 30 June 2023 17:51
Rate this item
(0 votes)