Myanmar



မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

17 7 2023

စားသုံးဆီဈေးနှုန်းမှာ
ပဲဆီ၁ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်၊
နှမ်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ်၊
ပဲပုတ်ဆီတစ်ပိဿာ ၅၈၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊
မုန်ညှင်းဆီတစ်ပိဿာ ၁၀၀၀၀ ကျပ်၊
နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ်၊
စားအုန်းဆီ တစ်ပိဿာ ၆၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။


မန္တလေးပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ လုပ်ငန်းသမား အဝယ်ပုံမှန်၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့်
မြေပဲ (လုံးဆံ) ၁၀၀ပိဿာ ၆၈၀၀၀၀ ကျပ်၊
မြေပဲ (ဆီဆံ) ၁၀၀ပိဿာ ၆၅၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

 

နှမ်းမျိုးစုံဈေးနှုန်းများအနေဖြင့် မိုးနှမ်းမဝင်သေးခြင်း၊ အဝင်ပုံမှန်လုပ်ငန်းသမား၊ တရုတ် သမားဝယ်လက်ပုံမှန်ရှိခြင်းကြောင့်
နှမ်းဖြူ ၄၅ပိဿာ ၃၄၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး
နှမ်းညိုမှာ ဆီစက်သမား အဝယ်နည်းခြင်းကြောင့် ၄၅ပိဿာ ၂၉၀၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွား သည်။
နှမ်းနက်(စမုံ)မှာ အရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်းကြောင့် ၄၅ပိဿာ ၃၀၀၀၀၀ ကျပ်မှ ၃၂၅၀၀၀ ကျပ် ဈေးအသီးသီးဖြင့် ရောင်းဝယ်မှု ရှိသည်။

 

ပန်းနှမ်းဈေးနှုန်းမှာ လက်ကျန်အရည်အသွေးညံ့ခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ယခင်အပတ် ၄၅ပိဿာ ၁၉၅၀၀၀ ကျပ်မှ ယခုအပတ် ၁၉၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွား သည်။

 

နေကြာဈေးနှုန်းအနေဖြင့် ဆောင်းလက်ကျန်နည်းပြီး မိုးနေကြာစိုက်ပျိုးထားဆဲဖြစ်၍ ယခင် အပတ် ၂၇ပိဿာ ၁၁၀၀၀၀ ကျပ်မှ ၁၁၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Monday, 17 July 2023 22:34
Rate this item
(0 votes)