Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


17 7 2023

မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်၊ ကထိန်တော်အသင်းတွင် ပဲမျိုးစုံသီးနှံများအနက် မတ်ပဲ၊ ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ ရန်ကုန်ဝယ်လက်မှ ဝယ်ယူပြီး ပြည်ပတင်ပို့မှု ရှိသော သီးနှံများ ဖြစ်ပါသည်။ မတ်ပဲမှာ ရန်ကုန်ဝယ်လက်နည်းသော်လည်း ပစ္စည်းအရည်အသွေး‌ကောင်းရှာြခင်း၊ လှောင်လက်ထံမှ ဝယ်ရခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၆၀ ပိဿာ ၁၇၀၀၀၀ ကျပ်မှ ၂၁၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ပဲစဉ်းငုံ (ဖြူ/နီ)တို့မှာလည်း ရန်ကုန်ဝယ်လက်နည်းပြီး မြို့တွင်းပဲခွဲစက်များသာ အဝယ်ရှိသဖြင့်
ပဲစဉ်းငုံ (ဖြူ) ၂၈၅၀၀၀ ကျပ်၊
ပဲစဉ်းငုံ (နီ) ၆၀ ပိဿာ ၂၉၅၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်မှု ရှိသည်။

 

ပဲပုတ် (မြန်မာ/ရှမ်း)၊ ပဲယင်း၊ မြေထောက်ပဲ၊ စားတော်ပဲ (ကျွန်း)တို့မှာ လုပ်ငန်းသမား၊ စက်သမား၊ လက်လီသမား အဝယ်သာ ရှိခြင်းကြောင့်
ပဲပုတ်(မြန်မာ) ၅၃.၂၅ ပိဿာ ၂၀၈၀၀၀ ကျပ်၊
ပဲပုတ် (ရှမ်း) ၁၅၇၀၀၀ ကျပ်၊
ပဲယင်း ၆၀ ပိဿာ ၁၆၀၀၀၀ ကျပ်၊
မြေထောက်ပဲ ၅၄ ပိဿာ ၃၂၅၀၀၀ ကျပ်၊
စားတော်ပဲ (ကျွန်း) ၅၉.၂၅ ပိဿာ ၄၀၀၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

 

ပဲလွန်းဖြူ/ ပြာ မှာလည်း လက်လီသမားအဝယ်သာရှိ၍ ပဲလွန်းဖြူ ၃ တင်း ၁အိတ် ၁၅၅၀၀၀ ကျပ်၊ ပဲလွန်းပြာ ၁၅၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ်နေသည်။


ကုလားပဲ အုပ်စုအနေဖြင့် ကုလားပဲ (လုံးဖြူကြီး)မှာ အဝေးတင်ပို့ရမှု နည်းခြင်း၊ စက်သမား အဝယ်နည်းခြင်းကြောင့်
လုံးဖြူကြီး ၅၇.၂၅ ပိဿာ ၂၄၆၀၀၀ ကျပ်၊
ထိုင်ဝမ် ၂၃၈၀၀၀ ကျပ် ခွဲခြမ်း တစ်ပိဿာ ၆၁၀၀ ကျပ်မှ ၅၉၀၀ ကျပ်သို့ ‌ဈေးနိမ့်သွားသည်။

ပဲကြီး(ကြီး/‌သေး) ထောပတ်ပဲ (သေး)တို့မှာ ပဲကြော်/လှော်သမား အဝယ်သာရှိခြင်းကြောင့်
ပဲကြီး ၅၅.၂၅ ပိဿာ ၃၀၀၀၀၀ ကျပ်မှ ၂၉၅၀၀၀ ကျပ်၊
ထောပတ်ပဲ (သေး) ၂၉၀၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်၊
ပဲကြီး (သေး) ၂၉၀၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့
ဈေးမသိမသာ နိမ့်သွားသည်၊

ထောပတ်ပဲ(ကြီး)မှာ ရန်ကုန်ဝယ်လက် အနည်းငယ်ရှိ၍ ၅၆.၂၅ ပိဿာ ၃၀၀၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

ပဲတီစိမ်းမှာ ဆောင်းပဲလက်ကျန်များခြင်း၊ မိုးပဲဝင်ချိန်နီးခြင်း ရှိသော်လည်း တရုတ်ဝယ်လက် ရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ အရည်အသွေး‌ပေါ်မူတည်၍ ၁၅၀၀၀၀ ကျပ်မှ ၁၇၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့်ရောင်းဝယ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Monday, 17 July 2023 22:36
Rate this item
(0 votes)