Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သက်သတ်လွတ် တုန်ယမ်းဟင်းချို

Unicode

သက်သတ်လွတ် တုန်ယမ်းဟင်းချို


သက်သတ်လွတ်သမားအတွက် အဆင်ပြေစေမယ့် သက်သတ်လွတ် တုန်ယမ်းဟင်းချိုချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကျောက်ပွင့်၊ ခရမ်းချဉ်သီး၊ မှို၊ ပဲပြား၊ ကြက်သွန်ဖြူ၊ အသားတု၊ ကြက်သွန်နီ၊ ပြောင်းဖူးအသေး၊ ဆား၊ ပတဲကော၊ သကြား၊ သံပရာသီး၊ သက်သတ်လွတ်ဟင်းခတ်မှုန့်၊ ရှမ်းနံနံ၊ စပါးလင်တို့လိုအပ်ပါမယ်။


ပထမဦးဆုံး အသားတုကို ရေစိမ်ထားပါ။

 

Dehydrated Fruits & Vegetables (60) ရေဓာတ်ခန်းခြောက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ (၆၀) ကိုရှာရန်နှိပ်ပါ။


ပြီးလျှင် ခရမ်းချဉ်သီးကို အနေတော်လှီးထားပါ။


ပြီးနောက် ပဲပြားကို အနေတော်အတုံးကလေးများဖြစ်အောင် လှီးထားပါ။


ပြီးလျှင် ကျောက်ပွင့်ကို အနေတော်အရွယ်ရအောင်လှီးထားပါ။


ပြီးနောက် ကြက်သွန်နီကို လေးစိတ် စိတ်ထားပါ။


ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပေးထားပါ။


Read More >>>>>  ချဉ်ငံစပ် ဆိတ်အူပြုပ် အရည်သောက်ဆမ်း


ပြီးနောက် ပြောင်းဖူးအသေးလေးတွေကို လှီးဖြတ်ပေးထားပါ။


ပြီးလျှင် ပတဲကောကို ပါးပါးလှီးထားပါ။


ပြီးနောက် စပါးလင်ကို ထုချေပြီး အထုံးကလေးများဖြစ်အောင် ထုံးထားပါ။


ပြီးလျှင် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းထားပါ။


ပြီးနောက် သံပရာသီးကို အနေတော်လေးတွေဖြစ်အောင် စိတ်ပေးထားပါ။


ပြီးလျှင် ရှမ်းနံနံကို အရွယ်တော်လေးဖြစ်အောင် လှီးဖြတ်ပေးထားပါ။


ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင် အပူပေးပြီး ရေထည့်လိုက်ပါ။


ပြီးလျှင် ဆား၊ သကြား၊ သက်သတ်လွတ်ဟင်းခတ်မှုန့်ထည့်လိုက်ပါ။


ပြီးနောက် လှီးထားတဲ့ ပတဲကော၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်ကိုထည့်လိုက်ပါ။


ရေဆူလာလျှင်တော့ လှီးထားတဲ့ ပဲပြား၊ မှို၊ ခရမ်းချဉ်သီး၊ အသားတု၊ ငရုတ်သီးစိမ်း၊ ပြောင်းဖူးအသေး၊ ကျောက်ပွင့်တို့ကိုထည့်လိုက်ပါ။


ပြီးနောက် ရေဆူပြီး သီးနှံများ နူးသည်အထိ တည်ပေးထားပါ။


ပြီးလျှင် သံပရာရည်နှင့် ရှမ်းနံနံတို့ကို ထည့်လိုက်ပါ။


ကျက်ပြီဆိုရင်တော့ ပန်းကန်လေးထဲထည့်ပြီး သက်သတ်လွတ် တုန်ယမ်းဟင်းချိုကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Direcctory

 

 

 


 


 


 


 

Dehydrated Fruits & Vegetables (60) ရေဓာတ်ခန်းခြောက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ (၆၀) ကိုရှာရန်နှိပ်ပါ။

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


Read times Last modified on Friday, 21 February 2020 17:21
Rate this item
(0 votes)