Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အဆာပြေ ကောက်လှိုင်းတီမုန့် ပြုလုပ်နည်း

အိမ်တွင်လည်း လွယ်လင့်တကူပြုလုပ်နိုင်ပြီး အဆာပြေ မြန်မာမုန့်ဖြစ်တဲ့ ကောက်လှိုင်းတီမုန့် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သောပစ္စည်းများကတော့ ကောက်လှိုင်းတီပန်း၊ ဆန်မှုန့်၊ ပီလောပီနံမှုန့်၊ ဆား၊ ထန်းလျက် တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကောက်လှိုင်းတီပန်းကို ရေဆေးပါ။ ပြီးလျှင် ရေအနည်းထည့်ပြီး ကြေသွားသည်အထိ ကြိတ်စက်နဲ့ ကြိတ်ပေးရပါမယ်။ ကြိတ်စက်မရှိရင် ကောက်လှိုင်းတီပန်းထဲကို ရေထည့်ပြီး ခရမ်းရောင်လေးတွေထွက်သည်အထိ ချေပေးထားပါ။ ပြီးရင် အဖတ်တွေဖယ်ပြီးအရည်စစ်ယူထားရပါမယ်။

 

ပြီးနောက် ထန်းလျက်ကို ကြေညက်အောင်ထောင်းပြီး ရေနည်းနည်းလေးနဲ့ဖျော်၍ ထန်းလျက်ရည်လုပ်ထားပေးရပါမယ်။

 

ပြီးလျှင် အပေါ်မှာ ကြိတ်ထားတဲ့ ကောက်လှိုင်းတီအရည်ထဲကို ဆန်မှုန့်၊ ပီလောပီနံမှုန့်၊ ဆားအနည်းငယ်၊ ထန်းလျက်ရည်ထည့်ပြီး မွှေပေးပါ။ (ဆန်မှုန့်နဲ့ ပီလောပီနံမှုန့်က ထက်ဝက်အချိုးကွာရပါမယ်)

 

ပြီးနောက် ပေါင်းမည့်အိုးထဲသို့ထည့်ပြီး နှစ်သက်သော ပုံစံခွက်ဖြင့် နာရီဝက်ခန့် ပေါင်းပေးပါ။

 

ပြီးလျှင်တော့ တင်းတင်းအိအိလေးဖြစ်နေတဲ့ ကောက်လှိုင်းတီမုန့်လေးကို ရပါပြီ။

 

Read More >>>>>  အရွယ်စုံ သောက်သုံးနိုင်တဲ့ ပဲနို့ပြုလုပ်နည်း

 

ကောက်လှိုင်းတီမုန့်ရပြီဆိုရင်တော့ ဓားနဲ့အတုံးလေးတွေတုံး အုန်းသီးလေးကိုခြစ်၍ အပေါ်ကနေဖြူးလိုက်ပါ။

 

ပြီးရင်တော့ ကောက်လှိုင်းတီပန်းနဲ့ လုပ်ထားတဲ့ အဆာပြေ ကောက်လှိုင်းတီမုန့်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 14 March 2019 16:27
Rate this item
(1 Vote)