Myanmar
×
Warning
JUser: :_load: Unable to load user with ID: 540
ရယ်ဒီမိတ် ဂုံးကောင်ကို ထောပတ်လေးနဲ့ကြော်စားရအောင်
Unicode
ရယ်ဒီမိတ် ဂုံးကောင်ကို ထောပတ်လေးနဲ့ကြော်စားရအောင်   
ရယ်ဒီမိတ် ဂုံးကောင်ကို အရသာရှိရှိချက်ကြမယ်။ ရယ်ဒီမိတ်ဆိုတော့ အခွံမနွှာရတော့ဘူး ရေသေသေချာချာမဆေးရတော့ဘူးပေါ့။
ဈေးဝယ်စင်တာများတွင် လွယ်ကူစွာ ဝယ်ယူနိုင်ပြီး အောက်တွင် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
Butter (76)ထောပတ်ထုတ်လုပ်ငန်းများ ၇၆ ခုကိုရှာရန်နှိပ်ပါ။
ပါဝင်ပစ္စည်းများကတော့ ထောပတ်၊ ဂုံးကောင်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ထောပတ်၊ ကြက်သွန်ဖြူ၊ သံပရာသီး၊ နံနံပင် တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ထောပတ်ကို ဒယ်အိုးထဲထည့်ပြီး အရည်ပျော်သွားအောင် အပူပေးထားပါ။
ပြီးနောက် ဂုံးကောင်ကို ဆား၊ ငရုတ်ကောင်းဖြင့်နယ်ပြီး ဒယ်အိုးထဲတွင် ထည့်ကြော်လိုက်ပါ။
ပြီးလျှင် ရွှေညိုရောင်သန်းလာပါက နောက်တစ်ဖက်လှန်ပြီး နှစ်မိနစ်ခန့်ကြော်ပါ။
ပြီးနောက် ဆယ်ထားပြီး အအေးခံထားပါ။
သံပရာအချဉ်ရည်ပြုလုပ်ဖို့အတွက် ထောပတ်ကို ဒယ်အိုးထဲမှ ဇွန်းဖြင့်အနည်းငယ်ယူပြီး အအေးခံထားပါ။
ပြီးနောက် ကြက်သွန်ဖြူကိုလည်း ကြွပ်နေအောင်ကြော်ပေးပါ။
Read More >>>>>  အပတ်စဉ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်မယ့် အော်ဂဲနစ်ဈေးတန်း
ပြီးလျှင် သံပရာသီးညှစ်ထည့်ပြီး ဆား၊ ငရုတ်ကောင်းထည့်လိုက်ပါ။ နံနံပင်ကို ခပ်သေးသေးလှီးပြီးထည့်လိုက်ပါ။ အရသာကိုမြည်းကြည့်ပါ။
ပြီးရင်တော့ လီမွန်ဆော့စ်နှင့် ကြော်ထားတဲ့ဂုံးကောင်နဲ့တို့ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
Read times
Rate this item
(0 votes)