Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါး​ခြောက်​ဖုတ်​လေး လုပ်စားရအောင်

ငါး​ခြောက်​ဖုတ်​မယ်​ဆိုရင်​ အရင်​ဆုံး ဆားရည်​ထဲ ငါး​ခြောက်​ကို နာရီဝက်​​လောက်​ စိမ်​ထားပါ။ ပြီးတော့မှ ရေနှစ်ထပ် သုံးထပ်​​ ​လောက်​​ဆေးပြီးရင် စပြီးငါးခြောက်ဖုတ်လို့ရပါပြီ။

 

ဆားရည်​ကို ဘာကြောင့်စိမ်ရသလိုဆိုရင် ဆားရည်စိမ်​ခြင်းက ငါး​ခြောက်​ရဲ့အငန်ဓာတ်​ကို နည်းသွား​အောင်​ စုပ်​ယူသလို ငါး​ခြောက်​လှန်းတဲ့ အခါ အခုသုံး​နေကြတဲ့ ယင်​မနား​ဆေးရဲ့အန္တရာယ်​ကိုလည်း နည်းသွားစေပါတယ်။

 

ပြီးလျှင် ​ရေဇလုံ​လေးတစ်​လုံး ငါး​ခြောက်​ထုမယ့်​ စင့်တီတုံးကို အနားတွင် အသင့်ပြင်ဆင်ထားပါ။

 

ငါး​ခြောက်​ကို ကြွပ်​ကြွပ်​ မကြိုက်​ပဲ​ ပျော့​ပျော့​လေး စားချင်​ရင်​​တော့ ဆီထည့်​ထားတဲ့ ပန်းကန်​​လေးလဲ အဆင်​သင့်​ လုပ်​ထားနိုင်ပါတယ်။

 

ပြီးနောက် ငါး​ခြောက်​ကို ဖုတ်​လို့ မီးအပူနဲ့​ တွေ့ရင်​ ငါး​ခြောက်​သား​လေး စပြီး​ ပျော့​ပျောင်းလာပါမယ်​။

 

Read More >>>>>  ယိုးဒယားစတိုင် ချဉ်ငံစပ် ကင်းမွန်ထောင်း

 

အဲ့ဒီ်​ အချိန်​ ငါး​ခြောက်​ကို ပြန်​ဆယ်​ပြီး ဖွဖွ​လေး အသားပွလာ​အောင်​ ထုပြီးမှ ပြန်​ဖုတ်​ပါ။ ငါး​ခြောက်​က ကျက်​လာပြီး တူးစပြုလာရင်​ အသင့်​ထားထားတဲ့​ ​ရေဇလုံထဲထည့်​ပြီး ချက်​ချင်း ပြန်​ဆယ်​လိုက်ပါ။

 

မီး​လေး ခဏပြန်​ပြပြီး ဖွဖွ​လေးထုပါ။ ထုထားတဲ့ ငါး​ခြောက်​ကို ချက်​ချင်း အပူဓာတ်​မကုန်​ခင်​ ဆီစိမ်​ထားပါ။ အဲ့ဒါမှ ငါး​ခြောက်​​ပျော့​ပျော့​ ပျောင်း​ပျောင်းလေးနဲ့ စားရတာ အဆင်ပြေစေမှာပါ။

 

အသက်ကြီးတဲ့ မိဘ​တွေလဲ သွားမရှိတဲ့အတွက် အဆင်​​ပြေ​ပြေ ဝါးလို့ ရပါတယ်​။

 

ငယ်ရွယ်သူများက ကြွပ်​တာ ကြိုက်​ရင်​​တော့ ထုလိုက်​ ဆီစိမ်​ လိုက်​ မလုပ်​ပဲ ထုထားတဲ့ ငါး​ခြောက်​​တွေ ကို​ ​အေးသွားမှ ဆီစိမ်လိုက်ပါ။


ပြီးရင်တော့  ငါး​ခြောက်​ကြွပ်​ကြွပ်​​လေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 22 April 2019 10:14
Rate this item
(1 Vote)