Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

26 08 2023

မန္တလေး ပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့်

● မတ်ပဲ ဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်နည်းသော်လည်း လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်း တို့ကြောင့် ၆၀ ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ၂၃၀၀၀၀ ကျပ်မှ ၂၃၅၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။

● ပဲတီစိမ်းဈေးနှုန်းအနေဖြင့် မိုးပဲအဝင်နည်းသေးခြင်း၊ လက်ကျန်ပဲအရည်အသွေးပေါ် မူတည်၍ ဈေးကွာခြားခြင်း၊ ပဲခွဲစက်များ အဝယ်နှင့် တရုတ်ဝယ်လက်နည်းခြင်းကြောင့် ၃ တင်း တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်မှ ၁၆၈၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

● ပဲစဉ်းငုံ (ဖြူ/နီ) ဈေးနှုန်းအနေဖြင့် စတင်စိုက်ပျိုးစကာလဖြစ်ခြင်း လှောင်သမားထံမှ ဝယ်ရ ခြင်း၊ ရန်ကုန်ဝယ်လက်နှင့် ပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ်

● ပဲစဉ်းငုံ (ဖြူ) ၂၈၀၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်
● ပဲစဉ်းငုံ(နီ) ၃၂၀၀၀၀ ကျပ်မှ ၃၃၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲပုတ် (ရှမ်း/မြန်မာ) ဈေးနှုန်းအနေဖြင့် မိုးပဲမဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ပဲပုတ် (ရှမ်း) မှာ ဆီစက်သမားအဝယ်နည်းခြင်းကြောင့်
● မိုးမိတ်ပဲပုပ်မှာ ၃တင်းတစ်အိတ် ၁၆၈၀၀၀ ကျပ်၊
● မိုးညှင်းပဲပုတ် ၁၆၉၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး
● ပဲပုတ်(မြန်မာ) မှာ လုပ်ငန်းသမား အဝယ်ပုံမှန် ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၃၀၀၀၀ ကျပ်မှ ၂၄၀၀၀၀ ကျပ်ထိ အရည်အသွေးပေါ် မူတည်၍ ဈေးမြင့်သွားသည်။

ကုလားပဲအုပ်စုအနေဖြင့်

● ကုလားပဲ (ကုဖြူကြီး)မှာ အသစ်စိုက်ချိန်မရောက်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ လုပ်ငန်းသမားနှင့် ပဲကြော်ပဲလှော်လုပ်ငန်းသမား အဝယ်ရှိခြင်းကြောင့် ယခင် အပတ်၃တင်းတစ်အိတ် ၂၆၄၀၀၀ ကျပ်မှ ယခုအပတ် ၂၇၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

● လုံးဝါကြီးမှာ မြို့တွင်းသုံးရန် ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၅၇၀၀၀ ကျပ်မှ ၂၆၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

● ခွဲခြမ်းမှာလည်း လုံးဝါကြီး ဈေးမြင့်သဖြင့် တစ်ပိဿာ ၆၃၀၀ ကျပ်မှ ၆၅၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲယင်း၊ မြေတောက်ပဲ၊ စားတော်ပဲ၊ ထောပတ်ပဲ (ကြီး/သေး) တို့မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် လုပ်ငန်းသမား၊ စက်သမား အဝယ်နည်းသော်လည်း
● ပဲယင်း ၃တင်း တစ်အိတ် ၁၇၃၀၀၀ ကျပ်
● မြေတောက်ပဲ ၃၃၀၀၀၀ ကျပ်၊
● စားတော်ပဲ (ကျွန်း) ၃၉၀၀၀၀ ကျပ်မှ ၄၁၀၀၀၀ ကျပ်၊
● ထောပတ်ပဲ (ကြီး) ၃၇၀၀၀၀ ကျပ်
● ထောပတ်ပဲ (သေး) ၃၅၀၀၀၀ ကျပ်ဖြင့်
ဈေးတည် ငြိမ်နေသည်။

ပဲကြီး (ကြီး/သေး) နှင့် ပဲလွန်းဖြူ/ပြာ တို့မှာ မိုးပဲဝင်ချိန်နီး၍ ပစ္စည်းရှားခြင်း၊ လုပ်ငန်း သမားနှင့် လက်လီအဝယ်ရှိခြင်းကြောင့်

● ပဲကြီး(ကြီး) ၃တင်းတစ်အိတ် ၃၁၀၀၀၀ ကျပ်မှ ၃၁၅၀၀၀ ကျပ်
● ပဲကြီး (သေး) ၂၈၅၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်၊
● ပဲလွန်းဖြူ ၁၇၀၀၀၀ ကျပ်မှ ၁၇၅၀၀၀ ကျပ်၊
● ပဲလွန်းပြာ ၁၇၀၀၀၀ ကျပ်မှ ၁၈၀၀၀၀ ကျပ်သို့

ဈေးမသိမသာမြင့်သွားသည်။

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 25 August 2023 18:24
Rate this item
(0 votes)