Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုန့်လုံးရေပေါ်

သင်္ကြန်ရောက်ပြီဆိုတာနဲ့ မုန့်လုံးရေပေါ်စားရတော့မယ်ဆိုတာ လူတိုင်းသိကြမှာပါ။

 

သင်္ကြန်တွင်း ဥပုသ်ကျောင်းတွေမှာကော လမ်းတိုင်းလမ်းတိုင်းမှာကော မုန့်လုံးရေပေါ်က သင်္ကြန်ပွဲတိုင်း မပါမဖြစ်တဲ့ မုန့်ဖြစ်ပါတယ်။

 

အောက်တွင် မုန့်လုံးရေပေါ်လုပ်နည်းလေးကို အိမ်မှာလည်း ကိုယ်တိုင်လုပ်နိုင်အောင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်၊ အုန်းသီး တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကောက်ညှင်းမှုန့်၊ ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေထားပါ။

 

ရေတစ်ခွက်ခန့်ကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

 

ပြီးလျှင် ထန်းလျက်များကို အတုံးသေးများတုံးပေးပါ။ ပြီးရင်တော့ အုန်းသီးကို အုန်းခြစ်ဖြင့် အရှည်လိုက် ခြစ်ပေးပါ။

 

ပြီးတော့မှ ထန်းလျက်ခဲများကို မုန့်ထဲ အစားသွပ်ပြီး မုန့်လုံးများကို လုံးပေးပါ။

 

ပြီးနောက် ဒယ်အိုးကြီးကြီး တစ်ခုထဲရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်၍ တည်ထားပေးပါ။

 

ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပါ။

 

မုန့်လုံးများ သူ့အလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးရေပေါ်များကို ထည့်လိုက်ပါ။

 

ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။

 

ရေစစ်ပြီးလျှင် ဌက်ပျောရွက်ခင်းထားသော ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။

 

နောက်ဆုံးတွင် ခြစ်ထားသော အုန်းသီးများအား အပေါ်ယံ ဖြူးလိုက်ပါ။ ပြီးရင်တော့ အရသာရှိတဲ့ မုနု့်လုံးရေပေါ်ကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read 4316 times Last modified on Tuesday, 18 September 2018 14:33
Rate this item
(1 Vote)