Myanmar
ကလေးထမင်းဘူးအတွက် ၀က်သားလုံးကြော်
မိဘများ ကလေးများအတွက် ဘာဟင်းထည့်ပေးရမလဲဆိုတာ အမြဲတမ်းစဉ်းစားကြရပါတယ်။
ဘာကြောင့်လဲဆိုတော့ကာ ကလေးများက တစ်နေ့နဲ့တစ်နေ့ သူတို့ ဟင်းထပ်တာ မကြိုက်ကြပါဘူး။
သို့အတွက် မိဘများက ကိုယ့်ကလေး ထမင်းဘူးကုန်ဖို့အတွက် ဘာဟင်းချက်ရမယ်ဆိုတာ ပင်ပန်းကြရပါတယ်။
အဲဒီအတွက် မပူနဲ့တော့ ဒီကနေ့ Food Industry Directory မှ ကလေးများထမင်းဘူးအတွက် ၀က်သားလုံးကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ဂျုံမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီး နုတ်နုတ်စင်းထားပါ။ ပြီးလျှင် ၀က်သားကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆီ တို့ကို ဇလုံတစ်ခုထဲ သမအောင် ရောနုယ်လိုက်ပါ။
ပြီးလျှင် နယ်ထားသော ၀က်သားများကို အနေတော် အလုံးလေးများ လုံးလိုက်ပါ။
ပြီးနောက် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ၀က်သားလုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပေးပါ။
ပြီးရင်တော့ ကြက်ဥမွှေထားသော ကြက်ဥခွက်ထဲ ၀က်သားလုံးများကို နှစ်စိမ်ပေးပြီး ပေါင်မုန့်ခြောက် ထည့်ထားသော ပန်းကန်ပြားထဲထည့် ပေါင်မုန့်ခြောက်များ ကပ်ပေးပါ။
ပြီးလျှင် ဒယ်အိုးထဲ ဆီများများထည့်၍ ၀က်သားလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။
နောက်ဆုံးတွင် အရသာရှိတဲ့ ၀က်သားလုံးကြော်ပူပူလေးကို ကလေးများထမင်းဘူး အတွက် ပြင်ဆင်၍ ထည့်ပေးနိုင်ပါတယ်။