Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်ကော်ပြန့်စိမ်း

စားသုံးသူတိုင်းကတော့ ကော်ပြန့်ကြော်၊ ကော်ပြန့်စိမ်းတို့ကိုပဲသိတာများပါတယ်။

ကော်ပြန့်ကြိုက်သူတိုင်းအိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး အစားအသောက်ဆန်းတစ်မျိုးဖြစ်တဲ့ လက်ဖက်ကော်ပြန့်စိမ်းပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ လက်ဖက်ချဉ်ငံစပ်၊ ပုဇွန်ခြောက်ထောင်း၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အရသာမှုန့်၊ ဆီ၊ ငံပြာရည်၊ သံပရာရည်၊ ဆလပ်ရွက်၊ ငရုတ်သီးစိမ်း၊ ပဲအကြော်စုံတို့ လိုအပ်ပါမယ်။

 

ကော်ပြန့် စိမ်းအရွက်ကိုပျော့ အောင် ရေနွေးနွေးလေးထဲမှာ စိမ်လိုက်ပါ။


ပြီးလျှင် ပျော့ လာသော ကော်ပြန့် စိမ်းအရွက်ကို ခင်းပြီး အဲဒီ အပေါ်မှာ ဆလပ်ရွက်ကိုတင်ထားပါ။ ပြီးရင် ပုဇွန်ခြောက်မှုန့် ကိုဖြူး ပြီး ဂေါ်ဖီထုပ်၊ လက်ဖက်၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း ပါးပါးလှီးထားတာနဲ့ ပဲအကြော်စုံကို ဆီထည့်ပြီး သုပ်လိုက်ပါ။

 

Read More>>>>> https://www.foodindustrydirectory.com.mm/articles/item/893-fried-pork-ball.html

 

ပြီးနောက် ကော်ပြန့်စိမ်းအရွက်ထဲကို လက်ဖက်သုပ်ထည့်ပြီးရင်တော့ အရသာရှိတဲ့ လက်ဖက်ကော်ပြန့်စိမ်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 12:46
Rate this item
(4 votes)