Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းစားမြိန်​​စေတဲ့ ပဲပင်​​ပေါက်​နှင့် အာလူး ချဉ်​ငံစပ်​သုပ်

ရာသီဥတုပူပြင်းတဲ့အချိန်မှာ အသားငါးတွေမစားချင်သူများ ချဉ်ငံစပ်စားချင်သူများအတွက် ပဲပင်ပေါက်နှင့် အာလူးချဉ်ငံစပ်သုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ပဲပင်ပေါက်၊ အာလူး၊ ပဲမှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ နံနံပင်နှင့် ကြက်သွန်ဖြူ၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပဲပင်ပေါက်ကို ရေနွေးလေးဖျောထားပါ။ ပြီးလျှင် ရေစစ်ထားပါ။

 

ပြီးနောက် အာလူးကို ပြုတ်ထားပါ။ ကျက်ရင်တော့ အအေးခံပြီး အခွံနွှာထားပါ။ ပြီးလျှင် အဆင်ပြေသလို ကျေအောင်ချေထားပါ။

 

Read More >>>>>   စားချင်စဖွယ် ရေခဲမုန့်ကြော်

 

ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာ အပိုင်းကလေးဖြစ်အောင် လှီးဖြတ်ပြီး ဆီချက် ချက်ထားပေးပါ။

 

ပြီးရင်တော့ ဇလုံတစ်လုံးထဲသို့ ပြုတ်ထားတဲ့ ပဲပင်ပေါက်၊ အာလူး၊ ဆီချက်၊ ပဲမှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ နံနံပင်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။  

 

ပြီးလျှင်အပေါ့အငန်မြည်းကြည့်ပါ။ ပြီးရင်တော့ ထမင်းစားမြိန်စေတဲ့ ပဲပင်ပေါက်နှင့် အာလူးချဉ်ငံစပ်သုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)