Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ကြီးငါးချဉ်စပ်ချက်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပင်လယ်စာကြိုက်သူများအတွက်

ပြည်ကြီးငါးချဉ်စပ်ဟင်းချက်နည်းလေး ကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပြည်ကြီးငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သံပရာရည်၊ ကြက်သွန်မိတ်၊ ဆီ၊ ပဲပုပ်စေ့အစပ်၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

ပထမဆုံး ပြည်ကြီးငါးကို ခေါင်းဖြတ်၍ အားလုံးသန့်စင်အောင်ဆေးကြောပြီး ထက်ခြမ်းခြမ်းထားပါ။ ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။

ကြက်သွန်မိတ်ကို ၁ လက်မအရှည်ခန့် လှီးဖြတ်ထားပါ။ ဒယ်အိုးကို မီးဖိုပေါ်တင် ဒယ်အိုးထဲဆီထည့်ပြီး မီးပြင်းပြင်းအပူပေးပါ။

ကြက်သွန်နီ၊ ကြက်သွန်ဖြူထည့်ပြီး မိနစ်အနည်းငယ် ကြော်ပါ။ ပြီးလျှင် ပဲပုပ်စေ့ထည့်ပြီး မိနစ်အနည်းငယ်မွှေပေးပါ။

ပြီးနောက် ပြည်ကြီးငါးထည့်၍ မိနစ်အနည်းငယ်ကြော်ပါ။

၎င်းနောက် ကြက်သွန်မြိတ်၊ သံပရာရည်၊ ဆားနှင့် ဟင်းခတ်မှုန့်ထည့်၍ ရောမွှေပြီး အရသာမြည်းကြည့်ကာ ပြည်ကြီးငါးချဉ်စပ်ကို စားသုံးနိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:33
Rate this item
(1 Vote)