Thiland



ကြံစိုက်တောင်သူများအတွက် ထိုင်းသကြားဈေးနှုန်း ၄ ဘတ် ဈေးတက်

ကြံစိုက်တောင်သူများအတွက် ထိုင်းသကြားဈေးနှုန်း ၄ ဘတ် ဈေးတက်


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံတွင် သကြား တစ်ကီလိုဂရမ် စက်ရုံဈေးနှုန်းကို ၄ ဘတ် တိုးမြှင့် သတ်မှတ်ပြဋ္ဌာန်းလိုက်သည်။ ကြံစိုက်တောင်သူများ ဝင်ငွေ တိုးစေရန်၊ ပြည်တွင်း စားသောက်ကုန် ကုန်ထုတ်လုပ်ငန်းများ သကြား အလုံအလောက် ရရှိသည်ကို သေချာစေရန်အတွက် စက်ရုံဈေးနှုန်း တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ 

 

ကြံနှင့်သကြား ဘုတ်အဖွဲ့ရုံး Office of the Cane and Sugar Board(OCSB) သည် စနေနေ့ (အောက်တိုဘာ ၂၈ ရက်) မှ စတင်အသက်ဝင်မည့် သကြားအတွက် တန်ဖိုးမြှင့်အခွန် V‌alue Added Tax VAT မပေးဆောင်ခင် စက်ရုံစျေးနှုန်းအသစ်ကို ထုတ်ပြန်ခဲ့သည်။

 

 သကြားဖြူဈေးသည် တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်မှ ၄ ဘတ်တိုးပြီး ၂၃ ဘတ် ဖြစ်လာသည်။ သန့်စင်ပြီးသကြားဖြူ  တစ်ကီလိုဂရမ်လျှင် ဘတ် ၂၀ မှ ၂၄ ဘတ် ဖြစ်လာသည်။

 

ဒီဇင်ဘာလတွင် စတင်မည့် ၂၀၂၃/၂၀၂၄  အတွက် ကြံဝယ်ယူသည့် စျေးနှုန်းကို တွက်ချက်ရန်အတွက် အဆိုပါ စျေးနှုန်းအသစ်များကို အသုံးပြုမည်ဖြစ်သည်။

 

ထိုင်းနိုင်ငံသည် သကြားကို လွတ်လပ်စွာ ရောင်းချနိုင်သည့် ဈေးကွက်စနစ်ကို ကျင့်သုံးသည်။ ဆိုလိုသည်မှာ သကြားကို ဈေးပိုပေးသည့် ဝယ်လက်ထံ ရောင်းချခွင့် ရှိသည်။ သို့သော် ပြည်တွင်းဈေးနှုန်းကို OCSB က ချမှတ်ပေးသည်။ OCSB က စက်ရုံဈေးနှုန်းကို အခါအားလျော်စွာ ချိန်ညှိပေးသည်။ ယခုအခါ ကမ္ဘာ့သကြားဈေးနှုန်းများ မြင့်တက်နေသဖြင့် ကမ္ဘာ့သကြားဈေးက ထိုင်းပြည်တွင်းမှ အစိုးရသတ်မှတ်ဈေးထက် ပိုမြင့်နေသည်။ သို့ဖြစ်ရာ စက်ရုံဈေးနှုန်းကို ချိန်ညှိပေးပြီး တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။

 

ယခုလို ချိန်ညှိပေးခြင်း မရှိပါက ကမ္ဘာ့ဈေးကွက်နှင့် ပြည်တွင်းဈေးကွက်တို့အကြား ဈေးနှုန်းကွာခြားနေသည့်အပေါ် ကြံတောင်သူများ အကျိုးကျေးဇူး ရရှိမည် မဟုတ်ချေ။

 

စျေးနှုန်းမြှင့်တင်ပေးခြင်းသည် သကြားစက်များက ဈေးပိုရနေသည့် ပြည်ပဈေးကွက်များသို့ သကြားများ တင်ပို့ရောင်းချခြင်းအစား ပြည်တွင်းဝယ်လက်များထံ ဆက်လက်ရောင်းချနိုင်စေရန် အာမခံချက်ပေးပါသည်။

 

စက်ရုံဈေးနှုန်းမြင့်တက်သည့်အလျောက် ကြံဈေးနှုန်းလည်း အထိုက်အလျောက် မြင့်တက်သည်။ သို့ဖြစ်ရာ သကြားထုတ်လုပ်သူများနှင့် ကြံစိုက်သူများ ဝင်ငွေတိုးသည်။ 

အစိုးရပိုင် Thai Cane and Sugar Corporation မှ ဒါရိုက်တာ Boonthin Kotesiri က ပြောသည်မှာ ကမ္ဘာ့သကြားဈေးနှုန်းများ မြင့်တက်နေကြောင်း၊ ဒီဇင်ဘာလတွင် ပေးပို့မည့် သကြားများအတွက် ကြိုပွိုင့်အရောင်းဈေးနှုန်းသည် လန်ဒန် ကုန်စည်ဒိုင်တွင် တတန် US$734.2 ရှိကြောင်း သို့ဖြစ်ရာ တစ်ကီလိုဂရမ် ဘတ် ၂၆-၂၇ ခန့် ရှိကြောင်း၊ ထိုသို့  ဈေးမြင့်နေသဖြင့် စက်ရုံများသည် ထုတ်လုပ်သည့် သကြားများ အားလုံးကို ပြည်ပသို့ တင်ပို့ကြမည် ဖြစ်သည်။ 

 

ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် ၁၀ သန်း ထုတ်လုပ်သည်။ ၇၀-၇၅% ကို ပြည်ပသို့ တင်ပို့သည်။ ပြည်တွင်းအတွက် တန်ချိန် ၂.၆ သန်းခန့်သာ ကျန်သည်။ 

၎င်းသကြားများတွင် ထက်ဝက်ခန့်ကို စားသောက်ကုန် လုပ်ငန်းများက ဝယ်ယူသည်။ ကျန်သည့် သကြားကို အိတ်သွတ်ပြီး စူပါမားကက်များတွင် ရောင်းချသည်။

 

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Saturday, 28 October 2023 23:34
Rate this item
(0 votes)