Thiland



မာမားခေါက်ဆွဲ ထုတ်လုပ်သူ ပြည်တွင်းပြည်ပ တိုးချဲ့မည့် အစီအစဉ်များ ချမှတ်

မာမားခေါက်ဆွဲ ထုတ်လုပ်သူ ပြည်တွင်းပြည်ပ တိုးချဲ့မည့် အစီအစဉ်များ ချမှတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မာမား အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များ ထုတ်လုပ်သည့် Thai President Foods Plc သည် ပြည်တွင်းနှင့် ပြည်ပအတွက် မျှော်မှန်းထားသည့် အနာဂတ်တိုးတက်မှုနှင့် လျော်ညီစွာ ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့ရန်အတွက် သုံးနှစ်တာကာလအတွင်း ဘတ် ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

 

စုစုပေါင်းဘတ်ဂျက်ထဲမှ ဘတ် ၁.၆ ဘီလီယံဖြင့် စက်ရှစ်လုံး ဝယ်ယူတပ်ဆင်ရန် စီစဉ်ထားသည်။

ဘတ်သန်း ၄၀၀-၅၀၀ ကို မြေယာဝယ်ယူခြင်းနှင့် စက်ရုံသစ် တည်ဆောက်ခြင်းတို့အတွက် သုံးစွဲမည်ဟု အထွေထွေမန်နေဂျာ Pun Paniangvait က ပြောသည်။

 

စက်ရုံအသစ်ကို ထိုင်းနိုင်ငံမှာ မြေ ၅၀-၆၀ ဧကပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။

အဆိုပါ စက်ရုံအသစ်ကို ၂၀၂၅ ခုနှစ်တွင် စတင်ဆောက်လုပ်ရန် စီစဉ်ထားသည်။ ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ်တွင် စတင်ရန် ရည်မှန်းထားသည်။

၎င်းစက်ရုံသစ်သည် တရက်လျှင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် ၆ သိန်းအထိ ထုတ်လုပ်နိုင်မည်။ လက်ရှိထုတ်လုပ်နေသည့် အရေအတွက်ကို ၃၀% တိုးစေမည် ဖြစ်သည်။

 

ကုမ္ပဏီက ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်များတွင် ရောင်းအား ကြီးထွားလာမည်ဟု မျှော်မှန်းထားသည်။ ထို့အတွက် ရောင်းအား ပိုများလာသည်ကို အလျဉ်မီအောင် ထုတ်လုပ်ရန် စက်ရုံအသစ် တရုံ ထပ်တိုးခြင်း ဖြစ်သည်။

 

“ဒါဟာ ဆယ်စုနှစ် နှစ်ခုအတွင်း ကုမ္ပဏီရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်” ဟု Mr Pun က ပြောကြားသည်။

 

ရယောင်းမှ ၎င်း၏ စက်ရုံတွင် စက်အသစ်တလုံး ထပ်တိုးရန်အတွက် ဘတ် သန်း ၂၀၀ သုံးစွဲမည်။

 

လက်ရှိတွင် Mama ခေါက်ဆွဲစက်ရုံ ၈ ရုံ ရှိသည်။ ထိုင်းနိုင်ငံမှ စက်ရုံ ၄ ရုံသည် တလလျှင် စုစုပေါင်း ခေါက်ဆွဲခြောက်ထုပ် သန်း ၁၈၀ နှင့် ခေါက်ဆွဲခြောက်ခွက် ၃၆ သန်းအထိ ထုတ်လုပ်နိုင်စွမ်း ရှိသည်။

ကုမ္ပဏီသည် စက်ရုံများတွင် အလိုအလျောက်စက်များ တပ်ဆင်ခြင်း၊ စက်အဟောင်းကို အသစ်ဖြင့် အစားထိုးခြင်း၊ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုခြင်း၊ စက်အသစ်များ ထပ်ဖြည့်ထည့်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်လျက်ရှိသည်။ 

 

လက်ရှိတွင် ကုမ္ပဏီသည် ၎င်း၏ ခေါက်ဆွဲခြောက်ထုတ်ကုန်များကို နိုင်ငံပေါင်း ၆၈ နိုင်ငံသို့ တင်ပို့လျက်ရှိသည်။

Source bangkokpost


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 14 October 2023 11:47
Rate this item
(0 votes)