Thiland



ရေချွေတာရန် ထိုင်း စပါးလျှော့စိုက်

ရေချွေတာရန် ထိုင်း စပါးလျှော့စိုက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

မိုးရွာသွန်းမှု လျော့နည်းခြင်းကြောင့် ရေချွေတာရန်အတွက် ထိုင်းအာဏာပိုင်တို့က လယ်သမားများကို  စပါးလျှော့စိုက်ရန် အဆိုပြုချက်သည် ကမ္ဘာ့ဆန်ဈေးကွက်အတွက် ကြောင့်ကြစရာ တစ်ခု ဖြစ်နေသည်။ 

 

ဆန်အများဆုံး တင်ပို့သည့် အိန္ဒိယက ဆန်တင်ပို့မှု အတော်များများကို ပိတ်ပင်လိုက်ခြင်းအပြင် ဆန် ဒုတိယအများဆုံး တင်ပို့သည့် ထိုင်းနိုင်ငံက စပါးလျှော့စိုက်သဖြင့် ကမ္ဘာ့ဆန်ဈေး မြင့်တက်တော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ အလယ်ပိုင်းလွင်ပြင်ဒေသရှိ လယ်သမားများသည် ၎င်းတို့၏ စပါးခင်း အများစုကို စိုက်ပျိုးထားပြီးဖြစ်သော်လည်း ရေသုံးစွဲမှုနည်းသော အခြားသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးရန် ထိုင်းအစိုးရက တွန်းအားပေးလျက်ရှိသည်။

 

ထိုင်းနိုင်ငံသည် အယ်လ်နီညိုရာသီဥတုပုံစံကြောင့် ခြောက်သွေ့သောအခြေအနေသို့ ဦးတည်နေသဖြင့် မိုးရွာသွန်းမှု လျော့နည်းနေပြီး လာမည့်နှစ်တွင် မိုးခေါင်ရေရှားမည့် အလားအလာ ရှိနေသည်။ 

 

လက်ရှိအချိန်အထိ အလယ်ပိုင်းဒေသတွင် စုစုပေါင်း မိုးရေချိန်သည် ပုံမှန်အဆင့်အောက် ၄၀ ရာခိုင်နှုန်းခန့်ဟာ ရှိသည်။

ရေသုံးစွဲမ‌ှု များသည့် စပါးစိုက်ပျိုးခြင်းကို လျှော့ချပြီး အိမ်ထောင်စုများအတွက် ရေရရှိအောင် ရေကို ထိန်းသိမ်းထားမည် ဖြစ်သည်ဟု အမျိုးသား ရေအရင်းအမြစ်ရုံး Office of the National Water Resources (ONWR) မှ အထွေထွေအတွင်းရေးမှူး Surasri Kidtimonton မှ ပြောကြားပါသည်။

 

“စိုးရိမ်ပုပန်စရာက အယ်နီညိုဖြစ်စဉ်ဟာ ၂၀၂၅ ခုနှစ်အထိ ရောက်သွားနိုင်ပါတယ်။ ရေစီမံခန့်ခွဲမှုကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဂရုတစိုက်နဲ့ စီစဉ်ရမယ်"ဟု Mr Surasri က ပြောကြားသည်။

 

စပါး မစိုက်ပျိုးရသေးသော လယ်သမားများကို ၎င်းတို့၏ အစီအစဉ်များကို ရွှေ့ဆိုင်းထားရန် သို့မဟုတ် မိုးခေါင်ရေရှားဒဏ်ခံနိုင်သော အပင်များကို ပြောင်းလဲစိုက်ပျိုးရန် တိုက်တွန်းထားကြောင်း ၎င်းက ပြောကြားသည်။

 

ထိုင်းနိုင်ငံ၏ အလယ်ပိုင်းဒေသသည် ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းစပါးစိုက်ပျိုးဧရိယာ၏ ၁၄ % နီးပါးရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၂၃-၂၄ တွင် စပါးရိတ်သိမ်းမှု၏ ၁၉% ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

အဆိုပါဧရိယာရှိ အဓိကရေလှောင်ဆည်များတွင် ရေပမာဏသည်  ၅၁ ရာခိုင်နှုန်းခန့်ရှိကြောင်း Mr Surasri က ပြောကြားခဲ့သည်။

 

အယ်လ်နီညိုကြောင့် ပုံမှန်ထက် မိုးရွာသွန်းမှု နည်းပါးလာနိုင်ကြောင်း အစိုးရက ယခင်က သတိပေးထားပြီး လယ်သမားများအား ပုံမှန်အားဖြင့် စပါး နှစ်ကြိမ် စိုက်ပျိုးခြင်းအစား ယခုနှစ်တွင် တစ်ကြိမ်သာ  စိုက်ပျိုးကြရန် အကြံပြုထားသည်။

 

ထိုင်းနိုင်ငံတွင် ရေသုံးစွဲမှုနှင့်ပတ်သက်၍ အဓိကဦးစားပေးမှာ အိမ်ထောင်စုများ သုံးစွဲမှု ဖြစ်သည်။

"လူတွေက ရေကို လျှော့သုံးဖို့ အရေးကြီးတယ်"ဟု Mr Surasri က ပြောကြားသည်။

 

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 02 August 2023 22:50
Rate this item
(1 Vote)