Thiland
ထိုင်းစတိုင်လ် ၀က်ကြိတ်သားနဲ့ ပြောင်းဖူးချိုချဉ်ကြော်
ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့
ထိုင်းစတိုင်လ် ၀က်ကြိတ်သားနှင့် ပြောင်းဖူးချိုချဉ်ကြော်ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ၀က်သားနှင့် ပြောင်းဖူးချိုချဉ်ကြော်ဖို့အတွက် ၀က်ကြိတ်သား၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ အကြော်မှုန့်အတွက်ကတော့ ဂျုံမှုန့်၊ ကော်မှုန့်၊ ကြက်ဥ၊ ဆီ၊ ရေ နှင့် ဆော့စ်အတွက် သကြား၊ ခရမ်းချဉ်သီးဆော့စ်၊ ပဲငံပြာရည်အကြည်၊ ဆား၊ ရှာလကာရည်၊ ရေတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကော်မှုန့်ကို ရေဖြင့် ဖျော်ပေးထားပါ။ အကြော်မှုန့်အတွက် ကြိုတင်ပြီး အမှုန့်များကို ရောစပ်ထားပါ။
ပြီးလျှင် ကြိတ်ထားသော ၀က်သားကို ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပေးပါ။
ပြီးနောက် အကြော်မှုန့်ဖြင့် နယ်ပြီး နာရီဝက်ကြာအောင် နှပ်ထားလိုက်ပါ။
ပြီးရင်တော့ ဆော့ကို ဖျော်ထားပေးပါ။ ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ၀က်သားလုံးများကို ထည့်ပြီး ကြော်လိုက်ပါ။ ၀က်သားလုံးများ ရွှေအိုရောင်သန်းလာပြီဆိုလျှင် ဆီစစ်ထားပါ။
ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ထားပါ။ ပြီးနောက် ပြောင်းဖူးသေးသေးလေးတွေကို ထည့်ကြော်လိုက်ပါ။
ပြီးရင်တော့ ၀က်သားလုံးများကို ထည့်ပြီး ကြော်လိုက်ပါ။ ပြီးနောက် ဆော့စ်ကို ထည်မွှေပေးပါ။
နောက်ဆုံးတွင်တော့ ကော်ရည်လောင်းထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ ထမင်းပူပူလေးနှင့် ထိုင်းစတိုင်လ် ၀က်ကြိတ်သားနှင့် ပြောင်းဖူးချိုချဉ်ကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ဒူးရင်းသီး ကျောက်ကျော